တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်သော အမေရိကန်သမ္မတ ထရမ့်အား ၂၀၂၆ ခုနှစ် မေ ၁၄ ရက် ညပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ဧည့်ခံပွဲကျင်းပ၍ ကြိုဆိုစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်သော အမေရိကန်သမ္မတ ထရမ့်အား ၂၀၂၆ ခုနှစ် မေ ၁၄ ရက် ညပိုင်းက ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ဧည့်ခံပွဲကျင်းပ၍ ကြိုဆိုစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်၏ ဖိတ်ကြားချက်အရ စက်တင်ဘာ ၂၃ ရက်မှ ၂၅ ရက်အထိ အမေရိကန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်မည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ခရီးစဉ်သွားရောက်သည့် ကာလအတွင်း သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ထရမ့်တို့သည် တရုတ်-အမေရိကန် ဆက်ဆံရေးနှင့် ကမ္ဘာ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်းသည့် အရေးကြီးကိစ္စရပ်များကို ထဲထဲဝင်ဝင် သဘောထားအမြင်ချင်း ဖလှယ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကောကျားခွန်းက နိုင်ငံအကြီးအကဲများ သံတမန်ဆက်ဆံရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် အစားထိုးမရသော မဟာဗျူဟာမြောက် ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ တရုတ်-အမေရိကန် နှစ်နိုင်ငံအကြီးအကဲများသည် နှစ်ဝက်အတွင်း အပြန်အလှန်ခရီးစဉ် သွားရောက်မှု ဖော်ဆောင်ခဲ့ရာ သမိုင်းမှတ်တိုင်သဖွယ် အနက်အဓိပ္ပာယ်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့်အတူ အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး အနှစ်သာရကို ကြွယ်ဝလာစေရန်၊ တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ ကွဲလွဲမှုများကို လျော်ကန်စွာ စီမံထိန်းချုပ်ရန်၊ နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွားကို အဆက်မပြတ်တိုးမြှင့်ရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ စည်ပင်ဝပြောမှုကို မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

外交部介绍习近平主席访美有关安排和中方期待

新华社北京9月21日电(记者马卓言、万倩仪)应美利坚合众国总统特朗普邀请,国家主席习近平将于9月23日至25日对美国进行国事访问。外交部发言人郭嘉昆21日在例行记者会上表示,访问期间,习近平主席将同特朗普总统就事关中美关系以及世界和平与发展的重大问题深入交换意见。  

郭嘉昆表示,元首外交对中美关系具有不可替代的战略引领作用。中美两国元首在半年内实现互访,具有历史性里程碑意义。中方愿同美方一道丰富中美建设性战略稳定关系内涵,加强对话合作,妥善管控分歧,不断增进两国人民的福祉,促进世界的和平、稳定、繁荣。(完)

图说:5月14日晚,国家主席习近平在北京人民大会堂举行宴会,欢迎美国总统特朗普访华。 新华社记者 李响 摄