သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အပြင်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးရေလျှံဖြစ်ပွားနေစဉ် လှေဖြင့်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြသူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ အပြင်ဘက်တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ရေကြီးရေလျှံဖြစ်ပွားနေစဉ် လှေဖြင့်ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြသူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ နေရာအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုအန္တရာယ်များ မြင့်တက်လာနေချိန်တွင် သီရိလင်္ကာရေတပ်က သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအဖွဲ့ ၁၇၁ ဖွဲ့ကို အသင့်ပြင်ဆင်ထားကာ အခြားအဖွဲ့ ၁၄ ဖွဲ့ကိုလည်း တောင်ပိုင်းနှင့် အနောက်ပိုင်းပြည်နယ်များ တစ်လျှောက် ဖြန့်ကြက်ထားကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်အတွင်း သီရိလင်္ကာနိုင်ငံ၏ အရှေ့မြောက်ဘက်ရှိ ကပ္ပလီပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာပြီးနောက် ယခုကဲ့သို့ ကြိုတင်ကာကွယ်ရေးအစီအမံများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရေတပ်က စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါအဖွဲ့များသည် ဘေးဒဏ်သင့်သူများကိုကူညီပေးရန်နှင့် ရေကြီးရေလျှံမှုဆိုင်ရာ အရေးပေါ်အခြေအနေများကို လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရန်အသင့်ရှိကြောင်းလည်း ရေတပ်က ပြောကြားခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသော အားကောင်းသည့်အနောက်တောင်မုတ်သုံလေ အခြေအနေများကြောင့် နိုင်ငံ၏ နေရာအနှံ့အပြားတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း သီရိလင်္ကာမိုးလေဝသဌာနက စက်တင်ဘာ ၂၁ ရက်တွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။ ရက်ပေါင်းများစွာပင်လယ်ပြင်ထွက်မည့် ငါးဖမ်းလှေများအတွက်လည်း လေပြင်းတိုက်ခတ်ခြင်းနှင့် လှိုင်းကြီးခြင်းဆိုင်ရာ အနီရောင်အဆင့်သတိပေးချက်ကို ထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)

…………….

(English Version)

Sri Lanka Navy places 171 disaster relief teams on standby amid heavy rains

COLOMBO, Sept. 21 (Xinhua) -- The Sri Lankan Navy has placed 171 disaster relief teams on standby and deployed another 14 teams across the Southern and Western provinces as heavy rains increase flood risks in several parts of the country.

The navy said on Monday that the precautionary measures followed the formation of a low-pressure area over the Andaman Sea, northeast of Sri Lanka in the Bay of Bengal.

It said the teams were ready to assist affected communities and respond rapidly to flood-related emergencies.

Sri Lanka's Department of Meteorology advised on the same day that heavy rainfall may occur in several parts of the country due to the prevailing active Southwest Monsoon conditions. It has also issued a red warning for strong winds and rough seas for multi-day fishing boats.

Photo caption: People evacuate by boat in floodwater after heavy rains on the outskirts of Colombo, Sri Lanka, on Nov. 29, 2025. (Photo by Ajith Perera/Xinhua)