
ဝင်းဟွတ်ခ်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
နမီးဘီးယားနိုင်ငံ မြောက်ပိုင်း အွန်ဂွီဒီဗာမြို့ရှိ အလုပ်ရုံတစ်ရုံ၌ ဝီလ်ဟီမီနာ အမာဒီလာက အထည်စများကို တိုင်းတာခြင်း၊ ဖြတ်တောက်ခြင်းနှင့် ချုပ်လုပ်ခြင်းတို့ ပြုလုပ်နေစဉ် အထည်ဖြတ်သံများ ထွက်ပေါ်လျက်ရှိသည်။
"ချုပ်ရိုးတစ်ခုစီက ပေါင်းစပ်သွားပြီး ရုပ်လုံးပေါ်လာချိန်မှာ သိပ်ကိုလက်ရာသေသပ်လှပတဲ့ အဝတ်အစားတစ်ထည် ဖြစ်လာပါပြီ" ဟု တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် စက်တင်ဘာ ၂၂ ရက်မှ ၂၇ ရက်အထိ ကျင်းပမည့် ၄၈ ကြိမ်မြောက် ကမ္ဘာ့စွမ်းရည်ပြိုင်ပွဲသို့ ယင်းလက်ရာကို ယူဆောင်သွားမည့် အသက် ၂၂ နှစ်အရွယ် အဆိုပါအမျိုးသမီးက ပြောသည်။
အမာဒီလာနှင့် အခြား နမီးဘီးယားလူငယ် ၁၆ ဦးသည် ပြိုင်ပွဲအမျိုးအစားအသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ နမီးဘီးယားအပြင် ကင်ညာ၊ အီဂျစ်၊ တောင်အာဖရိကနှင့် မော်ရိုကို ကဲ့သို့သော အခြားအာဖရိကနိုင်ငံများသည်လည်း ၎င်းတို့၏ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျွမ်းကျင်မှုများကို ပြသရန် ယင်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။
အာဖရိကနိုင်ငံများမှ ပြိုင်ပွဲဝင်များ တရုတ်နိုင်ငံတွင် ကျင်းပသော စွမ်းရည်ပြိုင်ပွဲများ၌ ယခုကဲ့သို့ ပါဝင်ယှဉ်ပြိုင်ခြင်းမှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ၎င်းတို့၏ တက်ကြွစွာပါဝင်မှုက အသက်မွေးဝမ်းကျောင်း ပညာရေးနယ်ပယ်တွင် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု တိုးတက်အားကောင်းလာသည်ကို တစေ့တစောင်း ဖော်ပြနေကာ ထိုပူးပေါင်းဆောင်ရွက်မှုသည် အာဖရိကတိုက်သားများစွာအတွက် လက်တွေ့ကျသော အတတ်ပညာစွမ်းရည်များနှင့် အခွင့်အလမ်းများကို ပေးစွမ်းနိုင်ခဲ့သည်။
လက်တွေ့လေ့ကျင့်သင်ယူခြင်း
တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ကျင်းပသည့် ၂၀၂၅ ခုနှစ် ကမ္ဘာ့သက်မွေးပညာကောလိပ် စွမ်းရည်ပြိုင်ပွဲတွင် အန်ဂိုလာနိုင်ငံမှ ကျောင်းသား မက်ဆက်ခ် ဗင်တူရာ နိုကွမ်နာ အက်ဒွါဒိုမှာ တရုတ်ဆရာများထံမှ သင်ယူခဲ့သည့် စက်မှုလုပ်ငန်းသုံးစက်ရုပ် တီထွင်မှုပညာနှင့် အလိုအလျောက်စနစ်သုံး ထုတ်လုပ်တပ်ဆင်ရေးလိုင်းများနှင့် သက်ဆိုင်သည့် ကျွမ်းကျင်မှုများအတွက် ငွေတံဆိပ်ရရှိခဲ့သည်။ "ကျွန်တော် သင်ယူခဲ့တဲ့အရာတွေကို အန်ဂိုလာနိုင်ငံရဲ့ စက်မှုအသွင်ပြောင်းခြင်းမှာ အသုံးချနိုင်ဖို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောသည်။
၎င်းအား ဆုပေးပွဲစင်မြင့်ထက်သို့ ပို့ဆောင်ပေးခဲ့သည့် ကျွမ်းကျင်မှုအတတ်ပညာများသည် တရုတ်နိုင်ငံနှင့် အာဖရိကတို့ ပူးပေါင်းဖွင့်လှစ်ထားသော စာသင်ခန်းများတွင် နေ့စဉ်သင်ကြားပေးနေသည့် ဘာသာရပ်များထဲတွင် ပါဝင်သည်။ အန်ဂိုလာ-တရုတ် နည်းပညာသိပ္ပံတွင် ကျောင်းသား၊ ကျောင်းသူများသည် မက္ကာထရောနစ်၊ စက်မှုလုပ်ငန်းသုံးစက်ရုပ် တီထွင်မှုပညာနှင့် အလိုအလျောက် ထိန်းချုပ်စနစ်တို့ကို လေ့လာသင်ယူကြသည်။
တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပေါင်းထို သက်မွေးပညာနှင့် နည်းပညာကောလိပ်မှ ဆရာမ ကောရှောင်ယွီ က မာလ်တီမီတာ သို့မဟုတ် အော်စီလိုစကုပ် အသုံးပြုရန်ပင် အစပိုင်းတွင် တွန့်ဆုတ်နေခဲ့သည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်ရလျက်ရှိသည်။
"သက်မွေးပညာရေးဟာ သီအိုရီသက်သက်ကို အခြေခံလို့မရပါဘူး။ ကျောင်းသားတွေဟာ သူတို့ကိုယ်တိုင်လုပ်ဆောင်ဖို့လိုပါတယ်" ဟု ကော က ပြောပြခဲ့သည်။ ဆားကစ်တပ်ဆင်ခြင်းနှင့် ချို့ယွင်းချက် ရှာဖွေစစ်ဆေးခြင်း လက်တွေ့လေ့ကျင့်ခန်းကို စာသင်နှစ်ဝက်တစ်ခုကြာ ပြုလုပ်ပြီးနောက် ၎င်းတို့အနက် ၉၀ ရာခိုင်နှုန်းကျော်သည် သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီခဲ့သည်။
အီသီယိုးပီးယားနိုင်ငံရှိ Holeta Polytechnic ကောလိပ်တွင် မွေးမြူရေးသိပ္ပံ ကျောင်းသားများ စားပွဲဝိုင်း၌ စုရုံးနေစဉ် တရုတ်နိုင်ငံသားနည်းပြ မာယွိကျယ် က ခွဲစိတ်၍ချုပ်နည်းကို သရုပ်ပြခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက လေ့ကျင့်ရေးခုံများပေါ်တွင် တစ်လှည့်စီလေ့ကျင့်ခဲ့ကြသည်။
"အခု ကျွန်တော်တို့ လက်တွေ့သရုပ်ပြမှုတွေမှာ ပါဝင်လုပ်ဆောင်နေပါပြီ" ဟု အသက် ၂၂ နှစ်အရွယ် လီမိ အဘီရာက ပြောသည်။ "ကျွန်တော်တို့ရဲ့ တရုတ်ဆရာတွေက စာသင်ခန်းတွင်း အယူအဆတွေကို တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ လက်တွေ့ကျင့်သုံးမှုတွေနဲ့ ချိတ်ဆက်သင်ကြားပေးပါတယ်" ဟုလည်း ၎င်းက ဆက်လက်ပြောသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260920/ab44cbc30f24477aa956c999a76e2aa9/c.html


………………………….
(English Version)
Xinhua Headlines: China-Africa cooperation in vocational education builds skills, opens opportunities
WINDHOEK, Sept. 20 (Xinhua) -- In a workshop in Ongwediva, northern Namibia, fabric rustles as Wilhemina Amadhila measures, cuts and stitches.
"Each stitch comes together to form a stunning outfit," said the 22-year-old woman who will take the craft to the 48th WorldSkills Competition to be held on Sept. 22-27 in Shanghai, China.
Amadhila and 16 other young Namibians will compete in different categories of the competition. Besides Namibia, other African countries such as Kenya, Egypt, South Africa and Morocco are also taking part in the contest to showcase their technical and vocational skills.
This is not the first time African competitors have taken part in skills competitions in China. Their active participation offers a glimpse of growing China-Africa cooperation in vocational education, which has helped endow many Africans with practical skills and opportunities.
LEARNING THROUGH PRACTICE
At the 2025 World Vocational College Skills Competition held in north China's Tianjin, Angolan student Massak Ventura Noquena Eduardo took silver on the strength of industrial robotics and automated production-line skills learned from Chinese teachers. "I hope to apply what I have learned to Angola's industrialization," he said.
The skills that carried him to the podium are among the everyday subjects in classrooms that China and Africa run together. At the Angola-China Institute of Technology, students study mechatronics, industrial robotics and automation.
Guo Xiaoyu, a teacher from Baotou Vocational and Technical College in north China's Inner Mongolia Autonomous Region, remembers students who were at first hesitant to even use a multimeter or an oscilloscope.
"Vocational education cannot be based on theory alone. Students have to do things with their own hands," Guo said. After a semester of practice in circuit assembly and fault diagnosis, more than 90 percent of them met the required standard.
At Ethiopia's Holeta Polytechnic College, Chinese instructor Ma Yujie demonstrated surgical suturing as animal science students gathered around the table, taking turns practicing on training pads.
"We are now participating in practical demonstrations," Lemi Abera, 22, said. "With our Chinese instructors linking classroom concepts to practical animal health practices."
https://english.news.cn/20260920/ab44cbc30f24477aa956c999a76e2aa9/c.html
Photo caption 1: This photo taken on Nov. 14, 2025 shows a scene at the final of the World Vocational College Skills Competition in Tianjin, north China. (Xinhua/Zhao Zishuo)
Photo caption 2: A contestant operates a computer numerical control machine during a vocational skills challenge at the Technical University of Kenya in Nairobi, Kenya, Aug. 29, 2025. (Xinhua/Yang Guang)








