တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ကျုံးနန်ဟိုင်တွင် သီးသန့်တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ကျုံးနန်ဟိုင်တွင် သီးသန့်တွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၆ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နိုင်ငံတော်ခရီးစဉ်အဖြစ်လည်းကောင်း၊ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် အရေးကြီး၍ အကျိုးဆက်ကြီးမားလှသော တွေ့ဆုံဆွေးနွေးပွဲအတွက်လည်းကောင်း ဝါရှင်တန်ဒီစီသို့ ခရီးပြုမည်ဖြစ်သည်။

ယခု လာမည့် ခရီးစဉ်နှင့်အတူ သမ္မတနှစ်ဦးသည် လပိုင်းမျှကာလအတွင်း နှစ်ဖက် အပြန်အလှန် လည်ပတ်မှုများကို ပြီးမြောက်စေမည်ဟု မျှော်မှန်းထားသည်။ အဆိုပါခရီးစဉ်သည် ၂၀၁၅ ခုနှစ်၌ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံသို့ ရှီကျင့်ဖိန်၏ ဒုတိယအကြိမ် နိုင်ငံတော်အဆင့် ခရီးစဉ်လည်း ဖြစ်လာမည် ဖြစ်သည်။

ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်လာသည့်တိုင် ကမ္ဘာပေါ်တွင် အရေးအပါဆုံးဖြစ်သော ထိုနှစ်နိုင်ငံ ဆက်ဆံရေးသည် အတက်အကျများလှသောခရီးကို ဖြတ်သန်းခဲ့ရသည်။ တရုတ်နိုင်ငံနှင့် အမေရိကန်တို့အနေဖြင့် ၎င်းတို့၏ ဆက်ဆံရေးကို မည်သို့ စီမံခန့်ခွဲမည်နည်း၊ အတူတကွပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို မည်သို့ ရှာဖွေဖန်တီးနိုင်မည်နည်း ဟူသည်မှာ နှစ်နိုင်ငံလုံးအတွက်သာမက ကမ္ဘာကြီးအတွက်လည်း ပိုမိုအရေးပါလှပေသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260921/35f763b6b79444c1a1c294af6e18dd07/c.html

……………………….

(English Version)

Xi steers China-U.S. relations toward stability

BEIJING, Sept. 21 (Xinhua) -- Chinese President Xi Jinping is set to travel to Washington for a state visit and a high-stakes meeting with U.S. President Donald Trump.

With the upcoming visit, the two presidents are expected to complete reciprocal visits within months. The trip will be Xi's second state visit to the United States following his first in 2015.

More than a decade on, the world's most important bilateral relationship has followed a bumpy course. How Beijing and Washington manage ties -- and find room to work together -- is increasingly consequential for both countries and the world.

https://english.news.cn/20260921/35f763b6b79444c1a1c294af6e18dd07/c.html

Photo caption 1: Chinese President Xi Jinping and U.S. President Donald Trump have a private meeting at Zhongnanhai in Beijing, capital of China, May 15, 2026. (Xinhua/Yan Yan)

Photo caption 2: Chinese President Xi Jinping welcomes U.S. President Donald Trump upon Trump's arrival at Zhongnanhai in Beijing, capital of China, May 15, 2026. (Xinhua/Li Xiang)