
နင်းရှ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှ (ဟွေ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျင့်ယွမ် ခရိုင်သည် အရည်အသွေးကောင်းမွန်သော နွားများဖြင့် လူသိများသည်။ အဆိုပါခရိုင်သည် နွားမွေးမြူခြင်း၊ ထုတ်လုပ်ပြုပြင်ခြင်း၊ အအေးခန်းသိုလှောင်စနစ်ဖြင့် သယ်ယူပို့ဆောင်ခြင်းနှင့် ရောင်းချခြင်းတို့ လွှမ်းခြုံသည့် စုပေါင်းလုပ်ငန်းကွင်းဆက်တစ်ခုကို တည်ထောင်ထားသည်။
လက်ရှိတွင် အဆိုပါခရိုင်၌ အသားစားနွားကောင်ရေ ၁၂၀,၀၀၀ ခန့် မွေးမြူထားပြီး မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြသည့် အိမ်ထောင်စု ၆,၈၀၀ ကျော်၏ နှစ်စဉ်ဝင်ငွေမှာ ပျမ်းမျှအားဖြင့် ယွမ် ၁၅,၀၀၀ (အမေရိကန်ဒေါ်လာ ၂,၂၄၀ ခန့်) ကျော် တိုးမြင့်လာကြောင်း သိရသည်။ (Xinhua)
…………….
(English Version)
Cattle industry thrives in NW China's Ningxia
NINGXIA, Sept. 22 (Xinhua) --Jingyuan County in Ningxia Hui Autonomous Region is known for its quality cattle. The county has developed an integrated industrial chain covering cattle breeding, processing, cold-chain transportation and sales.
Currently, the county raises about 120,000 beef cattle. More than 6,800 farming households have seen their annual income increase by over 15,000 yuan (about 2,240 U.S. dollars) on average.
Photo caption: Several head of cattle are seen at a farm in Jingyuan County, northwest China's Ningxia Hui Autonomous Region, Sept. 21, 2026. (Xinhua/Liu Yun)








