
ပေကျင်း၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်သည် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် စက်တင်ဘာ ၂၂ ရက်က ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟာမိုနီနှင့် ဘုရင့်မယ်တော် နိုရိုဒွန် မိုနိ သီဟာနု တို့ကို တွေ့ဆုံသည်။
ဟန်ကျိန့်က နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်တို့၏ ချစ်ခင်ရင်းနှီးသော နှုတ်ခွန်းဆက်သမှုနှင့် ဆုမွန်ကောင်းတောင်းမှုများကို တစ်ဆင့်ပြောကြားခဲ့ပြီး တရုတ်-ကမ္ဘောဒီးယား သံမဏိပမာ ခိုင်မြဲသော ချစ်ကြည်ရေးသည် ယခင် တရုတ်မျိုးဆက်ခေါင်းဆောင်များနှင့် နိုရိုဒွန် သီဟနု ဘုရင်ကြီးတို့က ပူးတွဲတည်ထောင်၍ ဂရုတစိုက်ပျိုးထောင်ခဲ့ခြင်းဖြစ်ကာ မိုးဒဏ်လေဒဏ်အခက်အခဲများကို ခံနိုင်ရည်ရှိပြီး ကျောက်ဆောင်တစ်ခုပမာ ခိုင်မာကြောင်း ပြောကြားသည်။ သမ္မတ ရှီကျင့်ဖိန်နှင့် ဘုရင် သီဟာမိုနီတို့၏ မဟာဗျူဟာလမ်းညွှန်မှုအောက်တွင် နှစ်နိုင်ငံဆက်ဆံရေးသည် ခေတ်သစ် အချိန်အခါမရွေး တရုတ်-ကမ္ဘောဒီးယား အေးအတူ ပူအမျှအသိုက်အဝန်း တည်ဆောက်ရေး၏ အဆင့်သစ်သို့ ဝင်ရောက်လာကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ လက်တွဲကာ နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသော သဘောတူညီချက်များကို အကောင်အထည်ဖော်၍ ထိရောက်မှုရှိစေရန်၊ တရုတ်-ကမ္ဘောဒီးယား ချစ်ကြည်ရေးကို ပြည်သူများ၏ စိတ်နှလုံးထဲ နက်ရှိုင်းစွာ စွဲမြဲစေရန်နှင့် မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းဆက်ခံသွားစေရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားသည်။
သီဟာမိုနီနှင့် မိုနိသီဟာနုတို့က ကမ္ဘောဒီးယား-တရုတ် နှစ်နိုင်ငံသည် အစဉ်အမြဲ စည်းလုံးညီညွတ်စွာ ရပ်တည်ခဲ့ပြီး ယခင် မျိုးဆက်ခေါင်းဆောင်များ တည်ထောင်ခဲ့သော နက်ရှိုင်းသည့် ချစ်ကြည်ရေးကို လက်တွဲ၍ ခိုင်မာစေလျက်ရှိကြောင်း ပြောကြားသည်။ ယမန်နှစ်တွင် သမ္မတ ရှီကျင့်ဖိန် ကမ္ဘောဒီးယားသို့ လာရောက်လည်ပတ်မှုသည် ခေတ်သစ် အချိန်အခါမရွေး ကမ္ဘောဒီးယား-တရုတ် အေးအတူ ပူအမျှအသိုက်အဝန်းအတွက် အခန်းကဏ္ဍသစ်တစ်ခုကို ရေးသားခဲ့ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ ကျင့်သုံးပြီး တရုတ်နိုင်ငံ စည်ပင်ဝပြော ထွန်းကား၍ တိုင်းပြည်အေးချမ်းသာယာကာ ပြည်သူများ ငြိမ်းချမ်းစွာ နေထိုင်ရေးအတွက် ဆုတောင်းမေတ္တာပို့သကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ (Xinhua)
...........................
(Chinese Version)
韩正会见柬埔寨国王西哈莫尼和太后莫尼列
新华社北京9月22日电 9月22日,国家副主席韩正在北京会见柬埔寨国王西哈莫尼和太后莫尼列。
韩正转达了习近平主席和夫人彭丽媛的亲切问候和良好祝愿,表示中柬铁杆友谊由中国老一辈领导人和西哈努克太皇共同缔造和精心培育,历经风雨、坚如磐石。在习近平主席和西哈莫尼国王的战略指引下,两国关系迈入构建新时代全天候中柬命运共同体的新阶段。中方愿同柬方携手推动两国领导人重要共识落地见效,让中柬友好深入人心、世代相传。
西哈莫尼和莫尼列表示,柬中始终紧密团结,携手巩固老一辈领导人缔造的深厚友谊。去年习近平主席访问柬埔寨,为新时代全天候柬中命运共同体谱写了新篇章。柬方坚定奉行一个中国政策,祝愿中国繁荣昌盛、国泰民安。(完)
图说:9月22日,国家副主席韩正在北京会见柬埔寨国王西哈莫尼和太后莫尼列。 新华社记者 刘卫兵 摄








