တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မန်စီမြို့တွင် နယ်စပ်စီမံခန့်ခွဲရေး အရာရှိတစ်ဦးက Crystal Meth (မက်သာဖက်တမင်းအခဲ)များကို ပြသနေမှုကို ၂၀၂၃  ခုနှစ်ဇူလိုင် ၁၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မန်စီမြို့တွင် နယ်စပ်စီမံခန့်ခွဲရေး အရာရှိတစ်ဦးက Crystal Meth (မက်သာဖက်တမင်းအခဲ)များကို ပြသနေမှုကို ၂၀၂၃ ခုနှစ်ဇူလိုင် ၁၃ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအာဏာပိုင်များက Medetomidine နှင့် Tartaric acid  ဓာတုပစ္စည်းနှစ်မျိုးကို မူးယစ်ဆေးဝါးထုတ်လုပ်မှု လုပ်ငန်းစဉ်များ လမ်းလွဲခြင်းမှ ကာကွယ်တားဆီးကြရန် ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအား စက်တင်ဘာ ၂၂ ရက်၌ သတိပေးချက် ထုတ်ပြန်ခဲ့သည်။

တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင်ရုံးက စီးပွားရေးလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်ချင်းစီအနေဖြင့် အဆိုပါဓာတုပစ္စည်းများကို ကိုင်တွယ်ဆောင်ရွက်ရာတွင် ယခင်က ထုတ်ပြန်ထားသော သတိပေးချက်များကို တိကျစွာလိုက်နာကြရန်နှင့် အဆိုပါ ဓါတုပစ္စည်းများကို တရားမဝင်လမ်းကြောင်းများသို့ မရောက်ရှိသွားရေးအတွက်လည်း ကာကွယ်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များအနေဖြင့် အဆိုပါ ဓာတုပစ္စည်းများကို အရောင်းအဝယ်ပြုလုပ်ခြင်း သို့မဟုတ် ပြည်ပနိုင်ငံများသို့ တင်ပို့ခြင်းများပြုလုပ်ရာတွင်  တရုတ်နိုင်ငံနှင့် သက်ဆိုင်ပြည်ပနိုင်ငံများ၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း အဆိုပါရုံးက ပြောကြားခဲ့သည်။ (Xinhua)

.....................

(English version)

China warns against diversion of two chemicals for narcotics production

BEIJING, Sept. 22 (Xinhua) -- China's anti-narcotics authorities warned companies and individuals on Tuesday to prevent two chemicals, medetomidine and tartaric acid, from being diverted into narcotics production.

The office of the China National Narcotics Control Commission urged businesses and individuals to strictly comply with earlier warnings issued by the office while handling such substances and prevent them from entering illegal channels.

Companies and individuals should comply with Chinese and foreign laws and regulations when dealing in or exporting the chemicals, the office said. ■

Photo caption: A border management officer shows samples of crystal meth in Mangshi City, southwest China's Yunnan Province, July 13, 2023. (Xinhua/Hu Chao)