ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံက “Typhon” တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်စနစ်ကို တင်သွင်းအသုံးပြုခြင်းသည် ၎င်း၏ “ထပ်မံစစ်ရေးအသွင်ပြောင်းမှု” ကို အရှိန်မြှင့်နေသည့် နောက်ထပ်သက်သေတစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံအား ကျူးကျော်မှုသမိုင်းကို နက်ရှိုင်းစွာပြန်လည်သုံးသပ်ရန်၊ ဒေသတွင်းနိုင်ငံများ၏ တောင်းဆိုသံများကို အလေးထားရန်နှင့် မည်သည့် “ထပ်မံစစ်ရေးအသွင်ပြောင်းမှု” အကြံအစည်ကိုမဆို ရပ်တန့်ရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူသည် စက်တင်ဘာ ၁၈ ရက်တွင် အမေရိကန်၏ “Typhon” တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်စနစ်အား ဂျပန်နိုင်ငံ ကျူရှူးကျွန်းတွင် ဖြန့်ကြက်ထားခြင်းနှင့်ပတ်သက်၍ ဂျပန်ဘက်သို့ သံတမန်ရေးရာ စာစောင်ပေးပို့ကာ သက်ဆိုင်ရာ ဖြန့်ကြက်မှုများကို လက်မခံနိုင်ကြောင်း အလေးအနက်ထား ဖော်ပြခဲ့ပြီး ဂျပန်အနေဖြင့် ဒုတိယကမ္ဘာစစ်ရလဒ်များကို အပြည့်အဝအသိအမှတ်ပြုရန်နှင့် “ထပ်မံစစ်ရေးအသွင်ပြောင်းမှု” ကို ရပ်တန့်ရန် တိုက်တွန်းခဲ့ကြောင်း၊ တရုတ်နိုင်ငံကလည်း မကြာသေးမီက ဂျပန်သို့ သံတမန်ရေးရာ စာစောင်ပေးပို့ကာ စိုးရိမ်မှုကို ဖော်ပြခဲ့ကြောင်း၊ တရုတ်ဘက်အနေဖြင့် ယင်းအား အတည်ပြုပေးနိုင်သလော၊ အခြေအနေအား မိတ်ဆက်ပြောကြားပေးနိုင်သလော ဟူ၍ မေးမြန်းခဲ့သည်။
ကောကျားခွန်းက “Typhon” တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်စနစ်သည် မဟာဗျူဟာမြောက် တိုက်ခိုက်ရေးလက်နက်ဖြစ်ပြီး ဂျပန်က ယင်းစနစ်ကို တင်သွင်းအသုံးပြုခြင်းသည် ၎င်း၏ “ထပ်မံစစ်ရေးအသွင်ပြောင်းမှု” ကို အရှိန်မြှင့်နေသည့် နောက်ထပ်သက်သေတစ်ခုဖြစ်ကြောင်း၊ ဤဆောင်ရွက်ချက်သည် စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုနှင့် လက်နက်ပြင်ဆင်ရေး ပြိုင်ဆိုင်မှုအန္တရာယ်များကို ပိုမိုဆိုးရွားစေပြီး မဟာဗျူဟာမြောက် ဟန်ချက်ညီမှုနှင့် ဒေသတွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်ကာ အိမ်နီးချင်းနိုင်ငံများ၏ တရားဝင်လုံခြုံရေးအကျိုးစီးပွားများကို ထိခိုက်စေကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်းက ယင်းကို အထူးသတိပြုမိပြီး အာရှနိုင်ငံအများအပြားမှ ပြည်သူများကလည်း ကန့်ကွက်သံများ ထွက်ပေါ်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
"တရုတ်နိုင်ငံက ဒီကိစ္စနဲ့စပ်လျဉ်းပြီး သံတမန်ရေးလမ်းကြောင်းတွေကနေ ဂျပန်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့ပြီး မကြာသေးမီကလည်း ဂျပန်ဘက်ကို သံတမန်စာစောင်ပေးပို့ကာ လေးနက်ခိုင်မာတဲ့ရပ်တည်ချက်ကို ထပ်မံအလေးပေးဖော်ပြခဲ့တယ်” ဟု ၎င်းက ဆိုသည်။
ယခုနှစ်သည် တိုကျိုခုံရုံးတင်စီရင်ခြင်း စတင်သည့် နှစ် ၈၀ ပြည့် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံအား ကျူးကျော်မှုသမိုင်းကို နက်ရှိုင်းစွာပြန်လည်သုံးသပ်ရန်၊ ဒေသတွင်းနိုင်ငံများ၏ တောင်းဆိုသံများကို အလေးထားရန်နှင့် မည်သည့် “ထပ်မံစစ်ရေးအသွင်ပြောင်းမှု” အကြံအစည်ကိုမဆို ရပ်တန့်ရန် တိုက်တွန်းကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
...............................
(Chinese Version)
外交部:敦促日方停止推进任何“再军事化”图谋
新华社北京9月21日电(记者伍岳、万倩仪)外交部发言人郭嘉昆21日表示,日方引入“堤丰”中导系统是其加速“再军事化”的又一佐证。中方敦促日方深刻反省侵略历史,正视地区国家呼声,停止推进任何“再军事化”图谋。
当日例行记者会上,有记者问:俄罗斯外交部发言人18日称,已就美国在日本九州部署“堤丰”中导系统照会日方,强调相关部署不可接受,敦促日方完全承认二战成果,停止“再军事化”。中方近期也就此照会日方表达关切。中方能否证实并介绍情况?
郭嘉昆说,“堤丰”中导系统是战略进攻性武器,日方引入该系统是其加速“再军事化”的又一佐证,此举加剧军事对抗和军备竞赛风险,威胁战略平衡和地区稳定,损害周边国家正当安全利益。国际社会对此高度警惕,亚洲多国民众发声反对。“中方多次通过外交渠道向日方提出强烈抗议,并于近日照会日方重申严正立场。”
他说,今年是东京审判开庭80周年。中方敦促日方深刻反省侵略历史,正视地区国家呼声,停止推进任何“再军事化”图谋。(完)








