အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အိမ်ဖြူတော်က “TRUMP TV” ထုတ်ပြန်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ကြေညာခဲ့ရာ အမေရိကန်မီဒီယာများက “YouTube ပလက်ဖောင်း၌ ထရမ့်အစိုးရ၏ ယခင်လှုပ်ရှားမှုများအား တစ်နေကုန် ၂၄ နာရီ ထုတ်လွှင့်ပြသသော Streaming မီဒီယာ ချန်နယ်တစ်ခု” ဟု ခေါ်ဆိုကြသည်။

ထိုနေ့ညတွင် “TRUMP TV : The Essentials Station” ခေါင်းစဉ်ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုကို အိမ်ဖြူတော်၏ တရားဝင် YouTube ချန်နယ်၌ ထုတ်လွှင့်ခဲ့ရာ ရှေးဦးစွာ ထရမ့်က ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်တွင် Mount Rushmore (သမ္မတတောင်) ၌ မိန့်ခွန်းပြောကြားမှုကို ထုတ်လွှင့်ပြသခဲ့သည်။

အိမ်ဖြူတော်က လူမှုမီဒီယာ၌ ပို့စ်တင်၍ “ ‘TRUMP TV’ ကို ယခုထုတ်လွှင့်ပြသနေပါပြီ။ တစ်နေကုန် ၂၄ နာရီ အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး ယခင်ကောင်းမွန်သော အခိုက်အတန့်များ၊ အရေးကြီး ထုတ်ပြန်ချက်များနှင့် လက်ရှိအစိုးရ၏ နောက်ဆုံး၊ အရေးကြီးဆုံး အကြောင်းအရာများကို တစ်နေရာတည်းတွင် စုစည်းထားမည်ဖြစ်သည်” ဟု ဆိုသည်။

“TRUMP TV” တွင် ထရမ့်နှင့် ၎င်းအစိုးရ၏လှုပ်ရှားမှုများအား တိုက်ရိုက်ထုတ်လွှင့်မှု ရှိ၊ မရှိကိုမူ မသိရသေးကြောင်း အမေရိကန်မီဒီယာများက ဆိုသည်။

အမေရိကန် CNN ၊ MS NOW သတင်းချန်နယ်နှင့် Politico သတင်းစာတို့သည် “သတင်းတုများအား အဆက်မပြတ် သတင်းဖော်ပြနေခြင်း” ကြောင့် အိမ်ဖြူတော်သို့ ဝင်ရောက်ခြင်းမှ တားမြစ်ခံရမည်ဖြစ်ကြောင်း၊ အဆိုပါအမိန့်ကြေညာချက်သည် “ချက်ချင်းအသက်ဝင်မည်” ဖြစ်ကြောင်း အမေရိကန် သမ္မတ ထရမ့်သည် စက်တင်ဘာ ၁၈ ရက်တွင် လူမှုမီဒီယာ၌ ထုတ်ပြန်ကြေညာခဲ့သည်။

အထက်ပါမီဒီယာများက ၎င်းတို့အိမ်ဖြူတော်သို့ ဝင်ရောက်ရန် တားမြစ်ခံရသည့်အတွက် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသော ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန်အချေအတင်ဆွေးနွေးပွဲ၌ ဆွေးနွေးပြောကြားနေသည့် အမေရိကန် သမ္မတ ထရမ့်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသော ၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန်အချေအတင်ဆွေးနွေးပွဲ၌ ဆွေးနွေးပြောကြားနေသည့် အမေရိကန် သမ္မတ ထရမ့်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

白宫宣布推出“特朗普电视”

新华社华盛顿9月21日电(记者杨伶 熊茂伶)美国白宫21日宣布推出“特朗普电视”,美国媒体称之为“一个在优兔平台全天候24小时播放特朗普政府过往活动的流媒体频道”。  

当晚,题为“特朗普电视:精华电视台”的直播活动在白宫官方优兔频道上线,首先播出了特朗普今年7月3日在拉什莫尔峰(俗称“总统山”)的演讲。白宫在社交媒体上发文说,“‘特朗普电视’现已开播。全天候24小时、实时更新,汇集过往精彩瞬间、重要公告以及本届政府最新、最重要的内容,都在同一处。”  

美国媒体报道说,尚不清楚“特朗普电视”是否会现场直播特朗普及其政府的活动。  

特朗普18日在社交媒体上宣布,美国有线电视新闻网、MS NOW新闻频道和《政治报》由于“持续报道假新闻”而被禁止进入白宫,并称这一指令“立即生效”。上述媒体21日表示,他们将就被禁止进入白宫提起诉讼。(完)

图说1:这是9月19日在美国华盛顿拍摄的白宫。新华社记者 白雪骐 摄

图说2:9月22日,在位于纽约的联合国总部,美国总统特朗普在第81届联合国大会一般性辩论上发言。新华社记者 张凤国 摄