တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ် အမျိုးသား အစားအစာ ဘေးကင်းလုံခြုံရေးဆိုင်ရာ ပြည်သူ့အသိပညာပေးသီတင်းပတ်အခမ်းအနားတွင် မိန့်ခွန်းပြောနေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့်တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ကျန်းကော်ချင်း ကို စက်တင်ဘာ ၂၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ မြို့တော် ပေကျင်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ် အမျိုးသား အစားအစာ ဘေးကင်းလုံခြုံရေးဆိုင်ရာ ပြည်သူ့အသိပညာပေးသီတင်းပတ်အခမ်းအနားတွင် မိန့်ခွန်းပြောနေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့်တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ကျန်းကော်ချင်း ကို စက်တင်ဘာ ၂၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ}

တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ကျန်းကော်ချင်း က အစားအစာ ဘေးကင်းလုံခြုံရေးဆိုင်ရာ ကြီးကြပ်ကွပ်ကဲမှုလုပ်ငန်းစဉ် ကွင်းဆက်တစ်ခုလုံးကို စဉ်ဆက်မပြတ် ပိုမိုအားကောင်းအောင်ပြုလုပ်ရန်နှင့် တင်းကျပ်သော စီမံခန့်ခွဲမှုနှင့်အုပ်ချုပ်မှုစနစ်များမှတစ်ဆင့် ကြီးကြပ်ကွပ်ကဲမှု အရည်အသွေးနှင့် ထိရောက်မှုကိုမြှင့်တင်ရန်လိုအပ်ကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်တစ်ဦးလည်းဖြစ်သည့် ကျန်းကော်ချင်း က စက်တင်ဘာ ၂၂ ရက်က ပေကျင်းမြို့၌ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၆ ခုနှစ် အမျိုးသား စားနပ်ရိက္ခာဖူလုံမှု ပြည်သူ့အသိပညာပေး သီတင်းပတ်အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ၌ ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အစားအစာများကို ထုတ်လုပ်မှု၊ သိုလှောင်မှု၊ သယ်ယူပို့ဆောင်ခြင်းနှင့် ရောင်းချမှုစသည့် အဆင့်အားလုံးတွင် ချိတ်ဆက်မှုရှိသည့် ကြီးကြပ်ကွပ်ကဲမှုစနစ်ရှိခြင်း၏ အရေးပါမှုကို ကျန်းကော်ချင်း က အလေးအနက်ထားပြောကြားခဲ့သလို အစားအစာအရည်အသွေး၊ ဘေးကင်းလုံခြုံမှုနှင့် ယုံကြည်စိတ်ချရမှုများကို အာမခံချက်ပေးနိုင်ရန်အတွက် ပလက်ဖောင်းလုပ်ငန်းများ၊ စမ်းသပ်စစ်ဆေးရေးအဖွဲ့အစည်းများ၊ အသိအမှတ်ပြုလက်မှတ်ထုတ်ပေးသည့် အဖွဲ့အစည်းများအနေဖြင့်လည်း ၎င်းတို့၏ တာဝန်နှင့်ဝတ္တရားများကို တင်းကျပ်စွာ ထမ်းဆောင်ကြရန် ကျန်းကော်ချင်း က တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် စံချိန်စံညွှန်းမကိုက်ညီသော အစားအစာများ စားသုံးသူများထံ မရောက်ရှိရေးအတွက် အန္တရာယ်ရှိသော အရင်းအမြစ်များထိန်းချုပ်မှု ခိုင်မာအားကောင်းရေး၊ အစားအသောက် ဖြည့်စွက်ပစ္စည်းများ အသုံးပြုမှုကို ပိုမိုတင်းကျပ်စွာ ထိန်းကျောင်းကွပ်ကဲရေးနှင့် အခိုင်အမာကာကွယ်ရေးအတွက် ကျန်း က တိုက်တွန်းခဲ့သည်။ အလားတူ အစားအစာ ဘေးကင်းလုံခြုံရေးဆိုင်ရာ အဓိကကဏ္ဍများနှင့် အားနည်းချက်ရှိသော နေရာများတွင် သတ်မှတ်ထားသည့် စစ်ဆေးခြင်းနှင့် နမူနာကောက်ယူစစ်ဆေးခြင်းများကို ပိုမိုအားကောင်းစွာလုပ်ဆောင်ကြရန် ကျန်းကော်ချင်း က အလေးထားပြောကြားခဲ့သလို အွန်လိုင်းမှအစားအစာမှာယူခြင်း၊ တိုက်ရိုက်ထုတ်လွှင့်ရောင်းချခြင်း၊ အဖွဲ့လိုက် စုပေါင်းဝယ်ယူခြင်း အပါအဝင် ထွန်းသစ်စ စီးပွားရေးလုပ်ငန်းပုံစံသစ်များနှင့်ပတ်သက်၍ စည်းကမ်းထိန်းသိမ်းမှုများကို မြှင့်တင်ရန်လည်း ၎င်းကအလေးပေးပြောကြားခဲ့သည်။ (Xinhua)

..........................

(English version)

Chinese vice premier urges deepening full-chain supervision of food safety

BEIJING, Sept. 22 (Xinhua) Chinese Vice Premier Zhang Guoqing has stressed the need to continuously deepen the full-chain supervision of food safety and improve supervision quality and effectiveness through strict management and governance.

Zhang, also a member of the Political Bureau of the Communist Party of China Central Committee, made the remarks in a speech delivered at the main event of the 2026 national food safety publicity week held in Beijing on Tuesday.

He emphasized the importance of seamless supervision across all stages, such as production, storage, transportation and sales, urging platform enterprises, testing bodies and certification institutions to strictly fulfill their responsibilities to ensure food quality, safety and reliability.

Zhang called for stronger source risk control, stricter regulation of food additive use, and firm prevention of substandard food reaching consumers. He also stressed intensified targeted inspections and sampling in key food safety sectors and weak points, as well as enhanced regulation of emerging business models, including online food ordering, live-stream sales and community group buying. ■

Photo caption: Chinese Vice Premier Zhang Guoqing, also a member of the Political Bureau of the Communist Party of China Central Committee, delivers a speech at the main event of the 2026 national food safety publicity week in Beijing, capital of China, Sept. 22, 2026. (Xinhua/Gao Jie)