ဟိုင်ခို၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
အမေရိကန်ဆရာဝန်တစ်ဦးဖြစ်သူ တီမိုသီ စတီဖန်စ်သည် တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာ လူနာများအား ဆေးကုသပေးလျက်ရှိကာ လက်ရှိတွင်မူ ဟိုင်ခို ပြည်သူ့ဆေးရုံ၊ နိုင်ငံတကာဆေးခန်းတွင် လုပ်ကိုင်လျက်ရှိသည်။
၎င်းသည် အမေရိကန်နိုင်ငံ ဘော့စတွန်ရှိ သက်သောင့်သက်သာဘဝကို စွန့်ခွာလျက် ဟိုင်နန်ပြည်နယ်၏ ဖွံ့ဖြိုးစ ကနဦးကျန်းမာရေးစောင့်ရှောက်မှုစနစ် ထူထောင်ရာတွင် အထောက်အကူပြုနေသူလည်း ဖြစ်သည်။
“ဆွေးနွေးမှု ပိုပြီးလုပ်နိုင်ဖို့ အခွင့်အလမ်းတွေ၊ အပြန်အလှန်သွားလာဖလှယ်မှုတွေ ပိုလုပ်နိုင်ဖို့ အခွင့်အလမ်းတွေ ရှိလာမယ်လို့ ကျွန်တော် တကယ့်ကို မျှော်လင့်မိပါတယ်” ဟု ဟိုင်နန်ပြည်နယ်၏ ကနဦးကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အထောက်အကူပြုနိုင်ရန် ဘော့စတွန်မြို့ရှိ သက်သောင့်သက်သာဘဝကို စွန့်ခွာလာသူ အမေရိကန် ဆရာဝန်က ဆိုသည်။ (Xinhua)
……………………
(English Version)
Bridging two medical worlds: An American doctor's Hainan story
American doctor Timothy Stephens has treated patients for over a decade in south China's Hainan, where he now works at the International Clinic of Haikou People's Hospital.
He left a comfortable practice in Boston to help build up the island province's nascent primary care system.
"I just really hope that there's going to be more opportunities for dialogue, more opportunities for visits both ways," said Timothy Stephens, an American doctor who left his Boston practice to support primary care in south China's Hainan. #GLOBALink








