
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က စက်တင်ဘာ ၂၃ ရက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ပုံမှန်အချေအတင်ဆွေးနွေးပွဲ၌ မိန့်ခွန်းပြောကြားရာတွင် အီရန်သည် “ဘယ်တော့မှ ခေါင်းငုံ့မှာမဟုတ်သလို ဒူးထောက်အရှုံးပေးမှာလည်းမဟုတ်ဘူး” ဟု ပြောကြားပြီး နိုင်ငံအသီးသီးအနေဖြင့် ငြိမ်းချမ်းရေးရရှိရေးအတွက် အတူတကွကြိုးပမ်းရန် တိုက်တွန်းခဲ့သည်။
ပါဇက်ရှ်ကီရမ်က အီရန်သည် နျူကလီးယားလက်နက် ပိုင်ဆိုင်လိုခြင်းမရှိကြောင်း၊ အရပ်ဘက်သုံး နျူကလီးယားစီမံကိန်းအပေါ် ကန့်သတ်ချက်များကို လက်မခံကြောင်း ပြောကြားသည်။ ၎င်းက အီရန်အနေဖြင့် ဒေသတွင်းအိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာဆက်ဆံလိုကြောင်း၊ ဒေသဆိုင်ရာပြဿနာများကို ဒေသတွင်းနိုင်ငံများက ဒေသအတွင်း၌သာ ဖြေရှင်းရမည်ဖြစ်ပြီး ပြင်ပအင်အားစုများအား ထင်သလိုဝင်ရောက်စွက်ဖက်ခွင့်ပြု၍ မရကြောင်း ထပ်လောင်းပြောကြားသည်။
ပါဇက်ရှ်ကီရမ် စတင်မိန့်ခွန်းပြောပြီး မကြာမီတွင် ခန်းမအတွင်း၌ ရှိနေသော တစ်ဦးတည်းသော အမေရိကန်ကိုယ်စားလှယ်သည် ထရပ်ပြီး ခန်းမထဲမှ ထွက်ခွာသွားခဲ့သည်။
၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ပုံမှန်အချေအတင်ဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ဖွင့်လှစ်ကျင်းပခဲ့သည်။ (Xinhua)

..........................
(Chinese Version)
伊朗总统联大演讲誓言“永不屈膝投降”
新华社联合国9月23日电(记者高山)伊朗总统佩泽希齐扬23日在联合国大会一般性辩论发言中表示,伊朗“永不低头、也不会屈膝投降”,并呼吁各国共同努力实现和平。
佩泽希齐扬表示,伊朗不希望拥有核武器,不会接受对民用核计划的限制。他重申,伊朗愿与地区邻国友好相处,地区问题须由地区国家在区域内解决,不能任由外部势力插手。
佩泽希齐扬开始发言后不久,场内唯一一名美国代表起身离席走出会场。
第81届联合国大会一般性辩论22日在纽约联合国总部开幕。(完)
图说:9月23日,在位于纽约的联合国总部,伊朗总统佩泽希齐扬在第81届联合国大会一般性辩论上发言。新华社记者 吴晓凌 摄








