တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် ရွှီချန်း မြို့တွင် စူပါမားကတ်များ၊ ရှော့ပင်းမောလ်များနှင့် ရုပ်ရှင်ရုံများ ဖွင့်လှစ်လုပ်ကိုင်နေသော နာမည်ကြီး လက်လီလုပ်ငန်းစု ဖန့်တုန်းလိုင် ၏ စူပါမားကတ်တစ်ခု၌ ကုန်ပစ္စည်း ရွေးချယ်ဝယ်ယူနေသူများကို ၂၀၂၅ ခုနှစ် ဧပြီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ် ရွှီချန်း မြို့တွင် စူပါမားကတ်များ၊ ရှော့ပင်းမောလ်များနှင့် ရုပ်ရှင်ရုံများ ဖွင့်လှစ်လုပ်ကိုင်နေသော နာမည်ကြီး လက်လီလုပ်ငန်းစု ဖန့်တုန်းလိုင် ၏ စူပါမားကတ်တစ်ခု၌ ကုန်ပစ္စည်း ရွေးချယ်ဝယ်ယူနေသူများကို ၂၀၂၅ ခုနှစ် ဧပြီ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ကျစ်ပေါမြို့ ပါးတာ့ကျွီ ဈေးရှိ အသားကင်ဆိုင်တစ်ဆိုင်တွင် စားသောက်မှုအတွေ့အကြုံသည် တရှဲရှဲမြည်နေသည့် အသားကင်ချောင်းများနှင့် ဒေသထွက် စားကောင်းသောက်ဖွယ်များကို ကျော်လွန်လျက် မြို့၏သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုကို ခရီးသွားဧည့်သည်များအား မိတ်ဆက်ပေးသည့် ဖျော်ဖြေပွဲများအထိ ကျယ်ပြန့်လာပြီဖြစ်သည်။

“ဧည့်သည်တွေဟာ အစားအသောက် သက်သက်အတွက် လာခဲ့တာဆိုရင် သူတို့ရဲ့ အလည်အပတ်ခရီးက ကျစ်ပေါမြို့အကြောင်း ဂဃနဏသိနိုင်ဖို့ အချိန်တိုတောင်းလွန်းပါတယ်” ဟု အဆိုပါစားသောက်ဆိုင် ဖွင့်လှစ်ထားသည့် ကျိန့်ဖုန်း က ပြောသည်။

ထိုနည်းလမ်းသည် ၂၀၂၃ ခုနှစ်က အင်တာနက်ပေါ်တွင် ရေပန်းစားလာခဲ့သော သမားရိုးကျ ရပ်ကွက်ဈေးတစ်ခုဖြစ်သည့် ပါးတာ့ကျွီသည် ကျယ်ကျယ်ပြန့်ပြန့် အသွင်ပြောင်းလဲမှု၏ တစ်စိတ်တစ်ဒေသပင်ဖြစ်သည်။ ထိုအချိန်မှစ၍ အဆိုပါဈေးသည် ယဉ်ကျေးမှုဖျော်ဖြေပွဲများ၊ လက်မှုပစ္စည်းများနှင့် ဆန်းသစ်ဖန်တီးထားသော ထုတ်ကုန်များကိုပါ တိုးချဲ့ခဲ့သည်။

လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း အဆိုပါဈေးသို့ နှစ်စဉ် ပျမ်းမျှ လာရောက်သူ ၁၈ သန်းကျော်ရှိခဲ့ပြီး ကုန်သည်ဦးရေ ၄၃၀ ကျော်က လုပ်ငန်းအမျိုးအစား ၁၀၀ ကျော် လုပ်ကိုင်လျက်ရှိသည်။

တရုတ်နိုင်ငံတစ်ဝန်း၌ စားသုံးသူများသည် ကုန်ပစ္စည်းများနှင့်အတူ ယဉ်ကျေးမှုဆိုင်ရာ အတွေ့အကြုံများ၊ အပန်းဖြေလှုပ်ရှားမှုများနှင့် ဝန်ဆောင်မှုများကို ပိုမိုရှာဖွေလာကြပြီး စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုကွဲပြားစုံလင်သော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် အခွင့်အလမ်းသစ်များ ဖန်တီးပေးလျက်ရှိသည်။

၂၀၂၆ ခုနှစ် ပထမ ၈ လအတွင်း တရုတ်နိုင်ငံ၏ လူသုံးကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ လက်လီရောင်းအား စုစုပေါင်းသည် ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၂.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဝန်ဆောင်မှု လက်လီရောင်းအားသည်လည်း ၄.၉ ရာခိုင်နှုန်း တိုးလာကာ ကုန်ပစ္စည်း လက်လီရောင်းအားမှာမူ ၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု တရားဝင် စာရင်းအင်းအချက်အလက်များအရ သိရသည်။

ဝင်ငွေမြင့်တက်လာသည်နှင့်အမျှ ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲမှုမှာ ကုန်ပစ္စည်း ဝယ်ယူမှုထက် ပိုမိုလျင်မြန်စွာ တိုးတက်လျက်ရှိရာ ယင်းသည် ပိုမိုကျယ်ပြန့်သော စီးပွားရေးတိုးတက်မှုနှင့် ကိုက်ညီသည့် အလားအလာတစ်ခု ဖြစ်သည်ဟု ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့် အပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ တရုတ် နိုင်ငံတကာကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်ရေးအကယ်ဒမီ ဒုတိယဥက္ကဋ္ဌ လျင်ကျန့်က ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်တွင် ဝန်ဆောင်မှုများကို တစ်ဦးချင်း ဝယ်ယူသုံးစွဲမှုသည် တရုတ်နိုင်ငံ၏ တစ်ဦးချင်း သုံးစွဲမှုအသုံးစရိတ် စုစုပေါင်း၏ ၄၆.၁ ရာခိုင်နှုန်းရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ်ထက် ၃.၅ ရာခိုင်နှုန်းပွိုင့် မြင့်တက်ခဲ့သလို ၂၀၂၆-၂၀၃၀ ကာလအတွင်း ထိုအချိုးအစားသည် ၅၀ ရာခိုင်နှုန်းကျော် ရှိလာမည်ဟု မျှော်မှန်းထားကြောင်း လျင်က ပြောသည်။

တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဗျူရိုက ပြောင်းလဲလာသော စားသုံးသူဈေးကွက် အခြေအနေကို ပိုမိုပြည့်စုံစွာ ထင်ဟပ်စေနိုင်ရန်အတွက် ပိုမိုကျယ်ပြန့်သော စားသုံးကုန်နှင့် ဝန်ဆောင်မှု နှစ်မျိုးပေါင်း လက်လီရောင်းအား ညွှန်ကိန်းကို ဇွန်လမှစ၍ ထုတ်ပြန်ခဲ့သည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် ပြောင်းလဲလာသော ဝယ်လိုအားသည် အခိုက်အတန့် ရေပန်းစားမှုကို ဝန်ဆောင်မှုအရည်အသွေး မြှင့်တင်ခြင်းနှင့် ပိုမိုစုံလင်သော အတွေ့အကြုံများဖြင့် ရေရှည်စားသုံးမှုအဖြစ် ပြောင်းလဲရေးအတွက် ကြိုးပမ်းမှုများကို စေ့ဆော်တွန်းအားပေးလျက်ရှိသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260924/e5b3be60028b4534a1e5a3c3c032d4fe/c.html

…………………………

(English Version)

(China Economic Roundtable) Xinhua Headlines: From barbecue to immersive theater, diverse consumption scenarios bring new vitality to China's consumer market

BEIJING, Sept. 24 (Xinhua) -- At a barbecue restaurant in Badaju Market in Zibo, east China's Shandong Province, the dining experience now extends beyond sizzling skewers and local delicacies to performances that introduce visitors to the city's history and culture.

"If visitors come just for the food, their visit is too short for them to get to know Zibo better," said Zheng Feng, who runs the restaurant.

The approach is part of a broader transformation at Badaju, a traditional neighborhood market that became an internet sensation in 2023. Since then, it has expanded its offerings to include cultural performances, handicrafts and creative products.

Over the past three years, the market has received more than 18 million visits annually on average, with over 430 merchants offering more than 100 business formats.

Across China, consumers are increasingly seeking cultural experiences, leisure activities and services alongside goods, creating new opportunities for businesses to meet more diverse demand.

In the first eight months of 2026, China's combined retail sales of consumer goods and services rose 2.5 percent year on year, with retail sales of services increasing 4.9 percent, compared with 1 percent growth in retail sales of goods, official data showed.

As incomes rise, service consumption is growing faster than goods consumption, a trend consistent with broader economic development, said Lin Jian, vice president of the Chinese Academy of International Trade and Economic Cooperation under the Ministry of Commerce, on China Economic Roundtable, an all-media talk show hosted by Xinhua News Agency.

Lin noted that per capita spending on services accounted for 46.1 percent of China's total per capita consumption expenditure in 2025, up 3.5 percentage points from 2020, and expected the share to surpass 50 percent during the 2026-2030 period.

China's National Bureau of Statistics began releasing the broader indicator of combined retail sales of consumer goods and services in June to provide a more complete picture of the changing consumption market.

For local businesses, the changing demand is prompting efforts to turn temporary popularity into sustained consumption through improved services and more diverse experiences.

https://english.news.cn/20260924/e5b3be60028b4534a1e5a3c3c032d4fe/c.html

Photo caption 1: People select goods at a supermarket of Pangdonglai, an influential retail chain operating supermarkets, shopping malls and cinemas, in Xuchang, central China's Henan Province, April 15, 2025. (Xinhua/Li Jianan)

Photo caption 2: People visit Badaju Market, a traditional neighborhood market, in Zibo, east China's Shandong Province, May 3, 2025. (Xinhua/Wu Qinghao)