
ဝါရှင်တန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်သည် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့၌ အမေရိကန် သမ္မတ ထရမ့်၏ ဇနီး မယ်လန်နီယာနှင့်အတူ အာရှအနုပညာအမျိုးသားပြတိုက်သို့ ဒေသစံတော်ချိန် စက်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။
နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ဇနီးများသည် ဒေါင်းခန်းမ အပါအဝင် ပြခန်းများကို ကြည့်ရှုလေ့လာခဲ့ကြသည်။ အမေရိကန်နိုင်ငံက မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကို တရုတ်နိုင်ငံသို့ အကြိမ်ကြိမ် ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ခြင်းအား ဖုန်လိယွမ်က တန်ဖိုးထားချီးကျူးကြောင်း ပြောကြားခဲ့ပြီး တရုတ်-အမေရိကန် နှစ်ဖက်အနေဖြင့် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်စောင့်ရှောက်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့်တင်ကာ နှစ်နိုင်ငံ ပြည်သူများ၏ ချစ်ကြည်ရေးကို တိုးမြှင့်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
ကြည့်ရှုလေ့လာပြီးနောက် ဖုန်လိယွမ်နှင့် မယ်လန်နီယာတို့သည် အမေရိကန် လူငယ်များ၏ တရုတ်သီချင်း သီဆိုဖျော်ဖြေမှုကို အတူတကွ ကြည့်ရှုအားပေးခဲ့ကြပြီး ၎င်းတို့နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။ ဖုန်လိယွမ်က တရုတ်ဘာသာစကားနှင့် တရုတ်ယဉ်ကျေးမှုကို ဆက်လက်ကြိုးစား လေ့လာကြရန်နှင့် တရုတ်-အမေရိကန် ချစ်ကြည်ရေးသံတမန်များ ဖြစ်လာကြရန် အားပေးစကား ပြောကြားခဲ့သည်။
အာရှအနုပညာအမျိုးသားပြတိုက်သည် အမေရိကန်နိုင်ငံ၏ ထင်ရှားကျော်ကြားသော အာရှအနုပညာပစ္စည်းများ စုဆောင်းခြင်း၊ သုတေသနပြုခြင်းနှင့် ပြသခြင်းဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း သိရသည်။ (Xinhua)

-----------------
(Chinese Version)
彭丽媛同美国总统特朗普夫人梅拉尼娅参观国立亚洲艺术博物馆
新华社华盛顿9月24日电(记者冯歆然)当地时间9月24日中午,国家主席习近平夫人彭丽媛在华盛顿同美国总统特朗普夫人梅拉尼娅参观国立亚洲艺术博物馆。
两国元首夫人参观了孔雀厅等展厅。彭丽媛对美方近年来多次向中方返还中国文物表示赞赏,希望中美双方继续加强文化交流和文化遗产保护合作,增进两国人民友好。
参观后,彭丽媛和梅拉尼娅一同观看美国青少年合唱中国歌曲,并同他们亲切交流。彭丽媛鼓励大家继续努力学习中文和中华文化,成为中美友好的使者。
国立亚洲艺术博物馆是美国知名的亚洲艺术收藏、研究、展示机构。
Photo Caption 1 :Peng Liyuan, wife of Chinese President Xi Jinping, and Melania Trump, wife of U.S. President Donald Trump, visit the National Museum of Asian Art in Washington, D.C., the United States, Sept. 24, 2026. (Xinhua/Liu Bin)








