
ဝါရှင်တန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒေသစံတော်ချိန် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ နိုင်ငံတော်ပေါင်းစည်းမှုနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား ကာကွယ်ထိန်းသိမ်းသည့် ရပ်တည်ချက်မှာ အလွန်တိကျရှင်းလင်းကြောင်း၊ အမေရိကန်အနေဖြင့် “ထိုင်ဝမ်ခွဲထွက်ရေး” အား ဆန့်ကျင်ကန့်ကွက်ခြင်း ဟူသည့် မှန်ကန်သောရပ်တည်ချက်ကို အခိုင်အမာ လက်ကိုင်ထားပြီး ထိုင်ဝမ်အရေးအား သတိထားကိုင်တွယ်စီမံကာ တရုတ်-အမေရိကန် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုအတွက် ခိုင်မြဲသော အခြေခံအုတ်မြစ် ချမှတ်ရန် မျှော်လင့်ကြောင်း အလေးထား ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
习近平:美方应慎重处理台湾问题
新华社华盛顿9月24日电 当地时间9月24日上午,国家主席习近平同美国总统特朗普在白宫举行会谈。
习近平强调,中方维护国家统一和领土完整的立场很清楚。希望美方坚持反对“台独”的正确立场,慎重处理台湾问题,为中美战略合作和两国关系发展奠定坚实基础。(完)
图说:当地时间9月24日上午,美国总统特朗普在白宫举行隆重仪式,热烈欢迎中国国家主席习近平对美国进行国事访问。 新华社记者 王晔 摄








