အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်နေစဉ်အတွင်း တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်က ဆားဘီးယားသမ္မတ အလက်ဇန်းဒါး ဗူဆစ်နှင့် ဒေသစံတော်ချိန် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်နေစဉ်အတွင်း တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်က ဆားဘီးယားသမ္မတ အလက်ဇန်းဒါး ဗူဆစ်နှင့် ဒေသစံတော်ချိန် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၄ ရက်က တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

နယူးယောက်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်သည် နယူးယောက်မြို့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်နေစဉ်အတွင်း ဆားဘီးယားသမ္မတ အလက်ဇန်းဒါး ဗူဆစ်နှင့် ဒေသစံတော်ချိန် ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၄ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဟန်ကျိန့်က သမ္မတ ရှီကျင့်ဖိန်၏ ရင်းနှီးသော နှုတ်ခွန်းဆက်စကားနှင့် ကောင်းမွန်သော ဆုမွန်ကောင်းများကို ဗူဆစ်ထံ တစ်ဆင့်ပြောကြားခဲ့သည်။

ဟန်ကျိန့်က ကာလရှည်ကြာစွာ တရုတ်နှင့် ဆားဘီးယားတို့သည် ရှုပ်ထွေး၍ မငြိမ်မသက်ဖြစ်နေသော နိုင်ငံတကာအခြေအနေများကြားတွင် တစ်လှေတည်းစီး တစ်ခရီးတည်းသွားစိတ်ဓာတ်ဖြင့် ကျော်ဖြတ်ခဲ့ကြပြီး တစ်နိုင်ငံနှင့်တစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှု၏ စံနမူနာကောင်းတစ်ရပ်ကို ထူထောင်ခဲ့ကြကြောင်း၊ အဆွေတော် သမ္မတသည် တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းဖြစ်ပြီး တရုတ်-ဆားဘီးယား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလရှည်ကြာစွာ အားစိုက်ဆောင်ရွက်ပေးခဲ့ကာ နယ်ပယ်အသီးသီး၏ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ကိုယ်တိုင်ကိုယ်ကျ တွန်းအားပေးခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်နှင့် အဆွေတော် သမ္မတ တို့၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် တရုတ်-ဆားဘီးယား ဆက်ဆံရေးသည် အရင်က မရှိဖူးသည့် အဆင့်သစ်သို့ မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆားဘီးယားဘက်နှင့်အတူ အစဉ်အလာ ချစ်ကြည်ရေးကို ဆက်လက်ထိန်းသိမ်းရန်၊ ကဏ္ဍအသီးသီး၏ ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ရန်နှင့် တရုတ်-ဆားဘီးယား ဆက်ဆံရေးကို အဆက်မပြတ် အဆင့်သစ်သို့ တက်လှမ်းနိုင်ရန် တွန်းအားပေးသွားလိုကြောင်း ပြောကြားခဲ့သည်။

ဗူဆစ်က သမ္မတ ရှီကျင့်ဖိန်ထံ ၎င်း၏ ရင်းနှီးပွင့်လင်းသော နှုတ်ခွန်းဆက်စကားနှင့် လေးစားဂါရဝပြုမှုတို့ကို ဟန်ကျိန့်အား တစ်ဆင့် ပြောကြားခဲ့ပြီး သမ္မတ ရှီကျင့်ဖိန်၏ ခေါင်းဆောင်မှုအောက်တွင် တရုတ်နိုင်ငံ ရရှိခဲ့သော ကြီးမြတ်သည့် ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများကို စိတ်ရင်းမှန်ဖြင့် လေးစားအားကျကြောင်း၊ ဆားဘီးယားနိုင်ငံ တည်ဆောက်ရေးအတွက် တရုတ်နိုင်ငံမှ ကြီးမားစွာ ထောက်ပံ့ကူညီပေးခဲ့မှုများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ဆားဘီးယား၏ စစ်မှန်သော မိတ်ဆွေဖြစ်ကြောင်း၊ ဆားဘီးယားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ကဏ္ဍအသီးသီး၏ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ် ပိုမိုနက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးဖြစ်ထွန်းစေလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

.......................

(Chinese Version)

韩正会见塞尔维亚总统武契奇

新华社纽约9月24日电(记者尚绪谦 高山)当地时间2026年9月24日,国家副主席韩正在纽约出席联合国大会期间会见塞尔维亚总统武契奇。  

韩正向武契奇转达习近平主席的亲切问候和良好祝愿。韩正表示,长期以来,中国和塞尔维亚在国际形势复杂动荡中同舟共济,树立了国与国之间友好交往的典范。总统先生是中国人民的老朋友、好朋友,长期致力于中塞关系发展,亲自推动各领域务实合作。在习近平主席和总统先生的战略引领下,中塞关系提升到全新高度。中方愿同塞方一道,发扬传统友谊,拓展各领域合作,推动中塞关系不断迈上新台阶。  

武契奇请韩正转达对习近平主席的诚挚问候和崇高敬意,表示由衷钦佩中国在习近平主席领导下取得的伟大发展成就,感谢中方对塞国家建设的大力支持和帮助。中国是塞尔维亚真正的朋友。塞方愿同中方不断深化各领域务实合作,更好惠及两国人民。(完)

图说:当地时间2026年9月24日,国家副主席韩正在纽约出席联合国大会期间会见塞尔维亚总统武契奇。 新华社记者 张凤国 摄