
ဝါရှင်တန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)
တစ်ကမ္ဘာလုံးက ဤအခိုက်အတန့်ကို အာရုံစိုက်လျက်ရှိသည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် စီးနင်းလိုက်ပါလာသော အထူးလေယာဉ်သည် ဒေသစံတော်ချိန် စက်တင်ဘာ ၂၃ ရက် ညနေ ၅ နာရီ ၂၅ မိနစ်ခန့်တွင် အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန် မြို့စွန်အနီးရှိ အင်ဒရူးလေတပ်စခန်းသို့ ဆိုက်ရောက်လာချိန်တွင် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ထိုနေရာ၌ ကြိုဆိုရန် စောင့်နေလျက်ရှိသည်။
သမ္မတ ရှီကျင့်ဖိန်နှင့် ၎င်း၏ဇနီး ဖုန်လိယွမ်တို့က လေယာဉ်လှေကားမှ ဆင်းလာချိန်တွင် သမ္မတ ထရမ့်နှင့် ၎င်း၏ဇနီး မယ်လန်နီယာတို့က လှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်စကား ဆိုခဲ့ကြသည်။ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက ကော်ဇောနီတစ်ဖက်တစ်ချက်စီတွင် စီတန်းရပ်နေပြီး နှစ်နိုင်ငံအကြီးအကဲများက အချိန်ကြာရှည်စွာ ရင်းရင်းနှီးနှီး ဖလှယ်ပြောဆိုခဲ့ကြသည်။ ကလေးငယ်နှစ်ဦးက သမ္မတ ရှီကျင့်ဖိန် ဇနီးမောင်နှံထံ ပန်းစည်းများပေးအပ်ခဲ့သည်။
ခရီးစဉ်လာရောက်သည့် တရုတ်နိုင်ငံ အကြီးအကဲအား အမေရိကန် သမ္မတ လေဆိပ်သို့ သွားရောက်ပြီး ကြိုဆိုခြင်းသည် သမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ပြင် အမေရိကန် အိမ်ဖြူတော်က ထိုအစီအစဉ်အား ရက်အနည်းငယ်ကြိုတင်၍ ထုတ်ပြန်ကြေညာခဲ့ရာ မီဒီယာအများအပြား၏ သတင်းတင်ဆက်မှုတွင် အမေရိကန်သမ္မတ လေဆိပ်သို့ သွားရောက်၍ နိုင်ငံခြားအကြီးအကဲအား ကြိုဆိုခြင်းပင်လျှင် အလွန်အမင်းရှားပါးလှကြောင်း ဖော်ပြထားသည်။

ဆောင်းဦးရာသီချိန် အင်ဒရူးလေတပ်စခန်း၌ စစ်တီးဝိုင်းက တရုတ်-အမေရိကန် နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်းများကို တီးမှုတ်လျက်ရှိသည်။ ဂုဏ်ပြုအမြောက် ၂၁ ချက် ပစ်ဖောက်သံ ဝေဟင်တွင် ကျယ်လောင်စွာ ပေါ်ထွက်လာမှု၊ စစ်လေယာဉ်များ ပျံသန်းသွားကာ အလေးပြုမှုတို့သည် အမေရိကန်က သမ္မတ ရှီကျင့်ဖိန် ခရီးစဉ်ရောက်ရှိလာမှုအပေါ် အဆင့်မြင့်ဂုဏ်ပြုအခမ်းအနား၏အတိုင်းအတာကို ပေါ်လွင်နေစေပေသည်။
ယခုနှစ် မေလတွင် တရုတ်-အမေရိကန် နှစ်နိုင်ငံ အကြီးအကဲများက ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာ “အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး” တည်ဆောက်ရန်အတွက် သဘောတူညီမှု ရရှိခဲ့သည်။ သမ္မတ ရှီကျင့်ဖိန်က ယခုအကြိမ် သမ္မတ ထရမ့်၏ ဖိတ်ကြားချက်အရ အမေရိကန်သို့ ၃ ရက်ကြာ နိုင်ငံတော်ခရီးစဉ် လာရောက်မှုသည် နှစ်နိုင်ငံအကြီးအကဲများက နှစ်ဝက်အတွင်း အပြန်အလှန် ခရီးစဉ်သွားရောက်မှုကို ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သလို ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ တွေ့ဆုံပြီးနောက် နှစ်နိုင်ငံအကြီးအကဲများက တတိယအကြိမ် တွေ့ဆုံမှုလည်းဖြစ်ရာ သမိုင်းမှတ်တိုင်ပမာ အနက်အဓိပ္ပာယ်ရှိပေသည်။
သမ္မတ ထရမ့် ဇနီးမောင်နှံက သမ္မတ ရှီကျင့်ဖိန် ဇနီးမောင်နှံ မော်တော်ယာဉ်ပေါ် တက်ရောက်ရန် ပို့ဆောင်ချိန်တွင် နှစ်နိုင်ငံအကြီးအကဲများက ထပ်မံရပ်တန့်၍ ဆွေးနွေးပြောဆိုခဲ့သည်။ လေဆိပ်ရှိ မီဒီယာများကလည်း အဆိုပါ အပြန်အလှန်ပြောဆိုကြသော အခိုက်အတန့်များကို မှတ်တမ်းတင်ခဲ့ကြသည်။

သမ္မတ ထရမ့်က သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်အား ဝါရှင်တန်၌ ကြိုဆိုဧည့်ခံခွင့်ရသည့်အတွက် အလွန်ဝမ်းမြောက်မိကြောင်း၊ ဤခရီးစဉ်မှာ ကမ္ဘာက အာရုံစိုက်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန်သည် အလွန်ကြီးမြတ်သော အကြီးအကဲဖြစ်ပြီး ယင်းသည် ကြီးမြတ်သော အခိုက်အတန့်တစ်ခု ဖြစ်ကြောင်း၊ မိမိအနေဖြင့် သမ္မတ ရှီကျင့်ဖိန်နှင့်အတူ အမြင်သဘောထားချင်း ထဲထဲဝင်ဝင် ဖလှယ်ပြီး နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုကို တွန်းအားပေး ဖော်ဆောင်ရန် မျှော်လင့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်က နှစ်ဖက်၏ အတူတကွကြိုးပမ်းမှုဖြင့် ယခုအကြိမ် ခရီးစဉ်သည် ကြွယ်ဝသောရလဒ်များ မုချရရှိပြီး နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွား တိုးပွားရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ ဖြည့်တင်းပေးမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
特写|美国总统首次赴机场迎接中国国家主席
新华社华盛顿9月23日电 特写|美国总统首次赴机场迎接中国国家主席 新华社记者杨依军 宿亮
全世界的目光聚焦这一刻——
当地时间9月23日17时35分许,当中国国家主席习近平乘坐的专机抵达美国首都华盛顿近郊的安德鲁斯空军基地时,美国总统特朗普已经在这里迎候。
习近平主席和夫人彭丽媛走下舷梯时,特朗普总统和夫人梅拉尼娅热情问候。礼兵分列红毯两侧。两国元首长时间亲切交流。两名儿童向习近平主席夫妇献上鲜花。
美国总统赴机场迎接到访的中国领导人,这在历史上是第一次。不仅如此,当美国白宫提前数日宣布这一安排时,许多媒体在报道中都提到,美国总统赴机场迎接外国领导人本身就极为罕见。
秋日的安德鲁斯空军基地,军乐团高奏中美两国国歌。21响礼炮响彻上空,战机飞越致敬,体现美方对习近平主席到访的高规格礼遇。
今年5月,中美两国元首在北京举行会晤,就构建“中美建设性战略稳定关系”达成共识。习近平主席此次应特朗普总统邀请对美国进行为期三天的国事访问,实现了两国元首半年内互访,也是去年10月韩国釜山会晤以来两国元首第三次会面,具有历史性、里程碑意义。
特朗普总统夫妇送习近平主席夫妇上车时,两国元首再次驻足交谈。在场媒体记者纷纷记录下这些互动瞬间。
特朗普总统表示,很高兴在华盛顿接待习近平主席和彭丽媛女士,这是一次举世瞩目的访问。习近平主席是伟大的领导人,这是一个伟大的时刻。我期待同习近平主席深入交换意见,推动两国关系发展。
习近平主席表示,相信在双方共同努力下,这次访问一定会取得丰硕成果,为两国人民增进福祉,为世界和平增添希望。(完)
图说1、3:当地时间9月23日下午,国家主席习近平乘专机抵达华盛顿,应美国总统特朗普邀请,对美国进行国事访问。习近平和夫人彭丽媛抵达华盛顿安德鲁斯空军基地时,特朗普和夫人梅拉尼娅热情迎接。新华社记者 李响 摄
图说2:当地时间9月23日下午,国家主席习近平乘专机抵达华盛顿,应美国总统特朗普邀请,对美国进行国事访问。习近平和夫人彭丽媛抵达华盛顿安德鲁斯空军基地时,特朗普和夫人梅拉尼娅热情迎接。这是美国儿童向习近平和彭丽媛献上鲜花。新华社记者 翟健岚 摄








