တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူချွမ်းခရိုင် ဆန်းစိန့်ထိုက်ကျေးရွာတွင် အာလူးများကို အိတ်ထဲထည့်နေသည့် တာ့လျန်ဆန်းဒေသမှလာသော အာရီးကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူချွမ်းခရိုင် ဆန်းစိန့်ထိုက်ကျေးရွာတွင် အာလူးများကို အိတ်ထဲထည့်နေသည့် တာ့လျန်ဆန်းဒေသမှလာသော အာရီးကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟူးဟော့၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

လတ်တလောတွင် တရုတ်နိုင်ငံ အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဝူချွမ်းခရိုင်၌ အာလူး တူးဖော်ရိတ်သိမ်းရေးလုပ်ငန်းကို စတင်ခဲ့သည်။ ယခင်နှစ်များကဲ့သို့ပင် စီချွမ်းပြည်နယ် တာ့လျန်ဆန်း၊ ကန်းစုပြည်နယ် လျင်ရှ၊ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား ဒေသများမှ ရွှေ့ပြောင်းလုပ်သားများသည် တူးဖော်ရိတ်သိမ်းရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် ရွာအလိုက် သို့မဟုတ် မိသားစုအလိုက် စုဖွဲ့၍ ရောက်ရှိလာကြပြီ ဖြစ်သည်။

လွန်ခဲ့သော တစ်လနီးပါး ကာလအတွင်း အလုပ်သမားများသည် လယ်ကွင်းထဲတွင် မိမိတို့၏ လုပ်အားဖြင့် ကောင်းမွန်သော ဝင်ငွေများ ရရှိခဲ့ကြသည်။ ယခင်က အာလူး တူးဖော်ရိတ်သိမ်းရာတွင် လက်နှစ်ဖက်ကိုသာ အားကိုးခဲ့ရသော်လည်း ယခုအခါ စက်ယန္တရားများဖြင့် လုပ်ကိုင်နိုင်သည့် အခြေအနေအောက်တွင် အာလူး တူးဖော်ရိတ်သိမ်းခြင်း၏ ထိရောက်မှုမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

စိုက်ပျိုးရေး စက်ယန္တရားသည် ရှေ့သို့ တည့်မတ်စွာမောင်းနှင်သွားကာ စက်ဖြင့် မြေမှဖော်ထုတ်လိုက်သော အာလူးများကို လယ်ထဲတွင် ထားခဲ့သည်။ အလုပ်သမားများက အရွယ်အစားခွဲခြားကြပြီး အာလူး အလုံးကြီးများကို အိတ်ထဲထည့်ကာ သိုလှောင်၍ အာလူး အလုံးအသေးများကိုမူ စက်ရုံသို့ ပို့ဆောင်ပြီး ကော်မှုန့်အဖြစ် ထုတ်လုပ်ကြသည်။ ရင့်ကျက်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်သည့် အာလူးလုပ်ငန်းသည် မိသားစုများစွာအတွက် ဝင်ငွေတိုးပွားပြီး ချမ်းသာကြွယ်ဝစေသည့် အခွင့်အလမ်းများကို ဆောင်ကြဉ်းပေးခဲ့သည်။ (Xinhua)

.................................

(Chinese Version)

内蒙古武川迎来马铃薯丰收

新华社照片,呼和浩特,2026年9月24日

近期,内蒙古武川县马铃薯开始收获。如往年一样,来自四川大凉山、甘肃临夏、云南西双版纳的务工人员以村庄、家庭为单位,组团来到这里从事马铃薯收获工作。

近一个月的时间里,工人们在田间的劳动换来可观收入。以前收土豆,全凭一双手,如今在机械化作业条件下,马铃薯收获效率明显提升。农机笔直前行,翻出的马铃薯留在地里,工人们进行分拣,大的马铃薯装袋储存,小的马铃薯送去加工厂制成淀粉。成熟、规模化的马铃薯产业为许多家庭带来了增收致富的机会。

图说1:9月23日,在武川县三圣太村,来自大凉山的阿依在装土豆。 新华社记者 连振 摄

图说2:9月23日,在武川县三圣太村,工人将土豆装车(无人机照片)。新华社记者 连振 摄