
ဒတ်ကာ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
Mission Harmony-2026 မစ်ရှင်အား ထမ်းဆောင်လျက်ရှိသော တရုတ်နိုင်ငံရေတပ်၏ “Auspicious Ark” ဆေးရုံသင်္ဘောသည် ဒေသစံတော်ချိန် စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ဆီနီဂေါနိုင်ငံ မြို့တော်ဒတ်ကာသို့ ရောက်ရှိခဲ့ပြီး ချစ်ကြည်ရေးခရီးစဉ်စတင်ကာ ဆေးကုသရေးဆိုင်ရာ ဝန်ဆောင်မှုများ ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ယင်းသည် တရုတ်ရေတပ် ဆေးရုံသင်္ဘော ပထမဆုံးအကြိမ်အဖြစ် ဆီနီဂေါနိုင်ငံသို့ ရောက်ရှိခြင်းဖြစ်သည်။
ထိုနေ့ နံနက် ၁၁ နာရီခန့်တွင် “Auspicious Ark” ဆေးရုံသင်္ဘောသည် ဒတ်ကာဆိပ်ကမ်းသို့ တဖြည်းဖြည်းချင်း ကမ်းကပ်ခဲ့ပြီး ဆီနီဂေါနိုင်ငံ တပ်မတော်နှင့် အစိုးရ အဓိကအရာရှိများ၊ အရာရှိစစ်သည်ကိုယ်စားလှယ်များ၊ ဆီနီဂေါနိုင်ငံဆိုင်ရာ တရုတ်သံရုံး စစ်သံမှူးနှင့် သံရုံးဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ တရုတ်လူမျိုးနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်း ကိုယ်စားလှယ်များက ဆိပ်ကမ်း၌ ကြိုဆိုခဲ့သည်။
လာရောက်ကြိုဆိုသော လူအုပ်ကြီးက ဆိုင်းဘုတ်စာသားများ ကိုင်ဆောင်ပြီး တရုတ်-ဆီနီဂေါ နှစ်နိုင်ငံအလံများ ဝှေ့ယမ်းကာ “Auspicious Ark” ဆေးရုံသင်္ဘော ရောက်ရှိလာမှုကို လှိုက်လှဲစွာ ကြိုဆိုခဲ့သည်။ ထို့နောက် ဆီနီဂေါနိုင်ငံ တပ်မတော်နှင့် အစိုးရ အဓိကအရာရှိများ၊ အရာရှိစစ်သည်ကိုယ်စားလှယ်များ၊ ဆီနီဂေါနိုင်ငံဆိုင်ရာ တရုတ်သံရုံး စစ်သံမှူးနှင့် သံရုံးဝန်ထမ်းများက သင်္ဘောပေါ်သို့ တက်ရောက်၍ လေ့လာကြည့်ရှုခဲ့ပြီး မစ်ရှင်ထမ်းဆောင်လျက်ရှိသော အရာရှိစစ်သည်ကိုယ်စားလှယ်များနှင့် ဆွေးနွေးဖလှယ်ခဲ့သည်။
ခရီးစဉ်ရောက်ရှိသည့်ကာလအတွင်း “Auspicious Ark” ဆေးရုံသင်္ဘောသည် ပင်မပလက်ဖောင်းကို အသုံးပြုကာ ဆေးကုသရေးဝန်ဆောင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး ဒေသတွင်းဆေးရုံများသို့ သွားရောက်ကြည့်ရှုလေ့လာ၍ ဖလှယ်မှုများ လုပ်ဆောင်ရန် ဆေးကုသရေးဆိုင်ရာ လေ့ကျင့်သင်ကြားရေးအဖွဲ့ခွဲအား စေလွှတ်သွားမည်ဖြစ်သည်။
တစ်ချိန်တည်းတွင် မစ်ရှင်တပ်ဖွဲ့က ကုန်းပတ်ဧည့်ခံပွဲ ကျင်းပခြင်း၊ ဒေသတွင်း မိဘမဲ့ဂေဟာသို့ သွားရောက်ကာ အားပေးနှစ်သိမ့်ခြင်းတို့ လုပ်ဆောင်မည့်အပြင် ဆီနီဂေါနိုင်ငံ အရာရှိစစ်သည်များနှင့်လည်း ဘတ်စကက်ဘော ချစ်ကြည်ရေးပြိုင်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
中国海军“吉祥方舟”号医院船抵达塞内加尔
新华社达喀尔9月25日电(记者齐琪)当地时间25日上午,执行“和谐使命-2026”任务的中国海军“吉祥方舟”号医院船抵达塞内加尔首都达喀尔,开始友好访问并提供医疗服务。这是中国海军医院船首次访问塞内加尔。
当天11时许,“吉祥方舟”号医院船缓缓靠泊达喀尔港,塞方军政要员和官兵代表、中国驻塞内加尔大使馆国防武官和使馆工作人员、当地民众、华侨和中资机构代表等在码头迎接。欢迎人群拉起横幅,挥动中塞两国国旗,热烈欢迎“吉祥方舟”号医院船的到来。塞方军政要员、中国驻塞内加尔大使馆国防武官和使馆工作人员等随后登船参观,并与任务官兵代表进行座谈交流。
访问期间,“吉祥方舟”号医院船利用主平台开展医疗服务,并派出医疗培训分队赴当地医院参观交流。与此同时,任务部队将组织甲板招待会、走访慰问当地孤儿院,并与塞方官兵进行篮球友谊赛。(完)
图说:9月25日,中国海军“吉祥方舟”号医院船靠泊塞内加尔达喀尔港。新华社记者 齐琪 摄








