တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်း အမေရိကန် နယူးယောက်မြို့၌ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်နှင့် တွေ့ဆုံဆွေးနွေးမှု မပြုလုပ်မီ လက်ဆွဲနှုတ်ဆက်နေပုံကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်း အမေရိကန် နယူးယောက်မြို့၌ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့်နှင့် တွေ့ဆုံဆွေးနွေးမှု မပြုလုပ်မီ လက်ဆွဲနှုတ်ဆက်နေပုံကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် အဋ္ဌမအကြိမ် ကုန်သွယ်စီးပွားဆိုင်ရာ ဆွေးနွေးပွဲများကို အမေရိကန်နိုင်ငံ နယူးယောက်မြို့နှင့် ဝါရှင်တန်မြို့တို့တွင် စက်တင်ဘာ ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ရာ အပြုသဘောဆောင်သည့် သဘောတူညီမှုများ ရရှိခဲ့သဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှု၏   ကုန်သွယ်စီးပွားဆိုင်ရာ အကျိုးရလဒ်များကို အထောက်အကူပြုခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက်၌ ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ဆွေးနွေးညှိနှိုင်းမှုယန္တရားအရ ကုန်သွယ်ရေးဘုတ်အဖွဲ့ ဖွဲ့စည်းရန် သဘောတူညီခဲ့ပြီး ယင်း၏ အဓိကဦးတည်ချက်မှာ နှစ်နိုင်ငံကုန်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန်ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ကုန်သွယ်ရေးဘုတ်အဖွဲ့အနေဖြင့် ကုန်သွယ်စီးပွား ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု စာရင်းကို ဆက်လက်တိုးချဲ့ရန်နှင့် ပြဿနာများစာရင်းကို လျှော့ချရန် နှစ်နိုင်ငံလုံးအတွက် အရေးပါသော ပလက်ဖောင်းနှင့် အဖွဲ့အစည်းဆိုင်ရာ အာမခံချက်ပေးမည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ရရှိခဲ့သော အရေးကြီးသဘောတူညီမှုများကို အကောင်အထည်ဖော်ရန်အတွက် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် ကုန်သွယ်ရေးဘုတ်အဖွဲ့ မူဘောင်အောက်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ တန်ဖိုးရှိ ကုန်ပစ္စည်းများအပေါ် အပြန်အလှန် အခွန်လျှော့ချရေး အစီအစဉ်နှင့် ပတ်သက်၍ အကြိမ်ကြိမ် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် သဘောတူညီမှု ရရှိခဲ့သည်ဟု ၎င်းဝန်ကြီးဌာနက ပြောသည်။

နှစ်ဖက်သည် အပြန်အလှန်တင်သွင်းသည့် အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ခန့်တန်ဖိုးရှိ ကုန်ပစ္စည်းများအပေါ် အပြန်အလှန်အားဖြင့် အခွန်လျှော့ချရန် သဘောတူညီခဲ့ကြပြီး ယင်းနှင့်အကျုံးဝင်သော ကုန်ပစ္စည်းများ၏ ၉၀ ရာခိုင်နှုန်းခန့်အပေါ် အခွန်နှုန်းထားများကို ကုန်သွယ်မှု အထူးအခွင့်အရေးပေးထားသော နိုင်ငံများ၏ နှုန်းထားများအတိုင်း လျှော့ချမည်ဖြစ်သည်။ ထိုသို့ အခွန်နှုန်းထားလျှော့ချမှုများကို နှစ်နိုင်ငံ ပြည်တွင်းဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း အပြီးသတ်လုပ်ဆောင်ပြီးသည်နှင့် တစ်ပြိုင်နက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။

နှစ်ဖက် ကုန်သွယ်စီးပွား ဆွေးနွေးညှိနှိုင်းရေးအဖွဲ့များသည် အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ကျောက်မီးသွေးတင်သွင်းမှုကို အပြန်အလှန် အခွန်လျှော့ချရေး မူဘောင်တွင် ထည့်သွင်းရန် သဘောတူညီခဲ့ကြရာ ၂၀၂၇ နှင့် ၂၀၂၈ ခုနှစ်တို့တွင် အမေရိကန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ကျောက်မီးသွေး တင်သွင်းမှုကို အဆင်ပြေချောမွေ့စေမည်ဟု မျှော်မှန်းထားကြောင်းလည်း အဆိုပါ ဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန်မှ ကျောက်မီးသွေး တင်သွင်းခြင်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်း ကျောက်မီးသွေးစျေးကွက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သကဲ့သို့ အမေရိကန် ကျောက်မီးသွေးလုပ်ငန်းအတွက်လည်း တည်ငြိမ်သော ဝင်ငွေနှင့် အလုပ်အကိုင်များ ရရှိစေမည်ဖြစ်သဖြင့် နှစ်နိုင်ငံကုန်သွယ်ရေး တည်ငြိမ်စေရန်နှင့် တိုးချဲ့ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရှင်းလင်းပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260928/855e04af2402404b8c1f5c9417bc4dcd/c.html

...................................

(English Version)

Eighth round of China-U.S. economic and trade consultations yields positive consensus: commerce ministry

BEIJING, Sept. 28 (Xinhua) -- China and the United States held the eighth round of their economic and trade consultations in New York and Washington, D.C., the United States, from Sept. 20 to 23, reaching positive consensus that contributes to the economic and trade outcomes of the meeting of the two heads of state, China's Ministry of Commerce said on Monday.

The two sides agreed to establish the Board of Trade under the China-U.S. economic and trade consultation mechanism, with the primary target of optimizing bilateral trade, the ministry noted in a statement.

The ministry said the Board of Trade will provide an important platform and institutional guarantee for the two countries to continuously expand the list of cooperation and shorten the list of problems in economic and trade affairs.

To implement the important consensus reached by the two heads of state, China and the United States have held multiple rounds of consultations under the Board of Trade framework on an arrangement for a 30-billion-U.S. dollar reciprocal tariff reduction, and have reached consensus, the ministry said.

The two sides agreed to reduce tariffs on about 30 billion U.S. dollars' worth of goods imported from each other on a reciprocal basis, with tariffs on around 90 percent of the covered products to be lowered to most-favored-nation rates. These reductions will be implemented simultaneously after each side completes domestic legal procedures, according to the ministry.

The economic and trade teams of the two sides agreed to include Chinese coal imports from the United States in the reciprocal tariff reduction framework, which is expected to facilitate Chinese coal imports from the United States in 2027 and 2028, the ministry revealed.

Importing U.S. coal will complement China's domestic coal market while providing stable revenue and employment for the U.S. coal industry, helping to stabilize and expand bilateral trade, the ministry explained.

https://english.news.cn/20260928/855e04af2402404b8c1f5c9417bc4dcd/c.html

Photo caption: Chinese Vice Premier He Lifeng, also a member of the Political Bureau of the Communist Party of China Central Committee, shakes hands with U.S. Treasury Secretary Scott Bessent prior to their consultations in New York, the United States, Sept. 20, 2026.