တာ့လျန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
ကယ်ဆယ်ထားသော အစက်အပြောက်များပါရှိသည့် ဖျံတစ်ကောင်ကို တရုတ်နိုင်ငံ တာ့လျန်မြို့အနီး ပင်လယ်ပြင်အတွင်းသို့ လွှတ်ပေးခဲ့သော်လည်း ၎င်းသည် မူလကမ်းခြေသို့ပင် ပြန်လည်ရောက်ရှိလာခဲ့သည်။ ကမ်းစပ်နှင့် ပိုမိုဝေးကွာသော ပင်လယ်ပြင်အတွင်းသို့ ဒုတိယအကြိမ် သွားရောက်လွှတ်ပေးခဲ့ပြီးနောက် နာ့နာ့ ဟု အမည်ပေးထားသည့် ထိုဖျံလေးသည် ၆ ရက်အတွင်း ကီလိုမီတာ ၂၀၀ အကွာအဝေးကို ရေကူး၍ ပြန်လည်ရောက်ရှိလာခဲ့ပြန်သည်။
ယခုအခါ ဒေသခံများက ခရီးသွားများအနေဖြင့် နာ့နာ့ ကို အဝေးမှသာ ကြည့်ရှုအားပေးကြရန်နှင့် လူစုလူဝေးပြုလုပ်ခြင်း၊ အစာကျွေးခြင်းနှင့် အနှောင့်အယှက်ပေးခြင်းတို့ မပြုလုပ်ကြရန် တောင်းဆိုထားသည်။ (Xinhua)
.
……………………………………..
(English Version)
Rescued seal swims 200km back to shore in China's Dalian
A rescued spotted seal was released into the sea off Dalian, China, only to return to the same beach. After his second release farther offshore, "Nana" swam 200km back in six days.
Now locals are asking visitors to admire Nana from a distance: no crowding, no feeding, no disturbing.








