
ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၉ ရက် (ဆင်ဟွာ)
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ပုံမှန်အချေအတင်ဆွေးနွေးပွဲတွင် ဖိလစ်ပိုင်၏ ပြောကြားချက်နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံဘက်က စက်တင်ဘာ ၂၈ ရက်၌ တုံ့ပြန်ပြောဆိုခွင့်ကို အသုံးပြုခဲ့သည်။ ဖိလစ်ပိုင်အနေဖြင့် တောင်တရုတ်ပင်လယ်အရေးကို ဘက်ပေါင်းစုံတွင် ဝါဒဖြန့်လှုံ့ဆော်မှုများ ရပ်တန့်ပြီး နှစ်နိုင်ငံအကြား ညှိနှိုင်းဆွေးနွေးသည့် မှန်ကန်သောလမ်းကြောင်းသို့ ဆောလျင်စွာ ပြန်လည်ရောက်ရှိရန် တရုတ်နိုင်ငံက တိုက်တွန်းခဲ့သည်။
ကုလသမဂ္ဂသည် တောင်တရုတ်ပင်လယ်အရေးကို ဆွေးနွေးရန် သင့်လျော်သောနေရာမဟုတ်ဟု တရုတ်နိုင်ငံအနေဖြင့် အမြဲယူဆထားသော်လည်း ဖိလစ်ပိုင်၏ သက်ဆိုင်ရာ မှားယွင်းသော ပြောကြားချက်များကို လေးနက်စွာ တုံ့ပြန်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်းကိုယ်စားလှယ် စွန်းလေက ပြောကြားခဲ့သည်။
“တောင်တရုတ်ပင်လယ် အနုညာတစီရင်ဆုံးဖြတ်ချက်”အပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် တစ်သမတ်တည်းဖြစ်၍ ရှင်းလင်းပြတ်သားကြောင်း၊ ဖိလစ်ပိုင်နိုင်ငံက တစ်ဖက်သတ် အဆိုပြုခဲ့သည့် စီရင်ဆုံးဖြတ်ချက်သည် “နိုင်ငံသဘောတူညီမှု” နှင့် “သဘောတူညီချက်များကို မဖြစ်မနေ လိုက်နာမည်” စသည့် နိုင်ငံတကာဥပဒေ၏ အခြေခံမူများကို ဆန့်ကျင်ပြီး ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက် (UNCLOS) အပါအဝင် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ “အနုညာတခုံရုံး” သည် အခွင့်အာဏာကို ကျော်လွန်၍ စီရင်ခြင်း၊ ဖြစ်ရပ်မှန်နှင့် ဥပဒေကို ချိုးဖောက်၍ စီရင်ဆုံးဖြတ်ချက်ချခြင်းဖြစ်ရာ ၎င်း “စီရင်ဆုံးဖြတ်ချက်” သည် တရားမဝင်သည့်အပြင် အကျိုးသက်ရောက်မှုလည်းမရှိကြောင်း၊ ယင်းသည် “သဘောတူညီချက်” တွင် ပြဋ္ဌာန်းထားသော အခြေခံမူများနှင့် စိတ်ဓာတ်ကို ဆိုးရွားစွာ ထိခိုက်စေပြီး နိုင်ငံတကာပင်လယ်သမုဒ္ဒရာဆိုင်ရာ ဥပဒေ၏ အာဏာတည်ရှိမှုနှင့် ပြည့်စုံမှုကို ပြင်းထန်စွာ ရိုက်ခတ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ယင်းစီရင်ချက်ကို လက်မခံ၊ အသိအမှတ်မပြုသလို ယင်းစီရင်ချက်ကိုအခြေခံသော မည်သည့် တောင်းဆိုမှုနှင့် ဆောင်ရွက်ချက်များကိုမဆို ဆန့်ကျင်ကာ လက်ခံမည်မဟုတ်ကြောင်း၊ ယင်းသည် မိမိတို့၏ ကိုယ်ပိုင်နယ်မြေနှင့် ပင်လယ်သမုဒ္ဒရာဆိုင်ရာ အခွင့်အရေးနှင့်အကျိုးစီးပွားကို ကာကွယ်ခြင်းသာမက နိုင်ငံတကာပင်လယ်သမုဒ္ဒရာဆိုင်ရာ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတ၍ ကျိုးကြောင်းဆီလျော်သော နိုင်ငံတကာပင်လယ်သမုဒ္ဒရာဆိုင်ရာ စည်းစနစ်ကို ထိန်းသိမ်းခြင်းလည်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စွန်းလေက ဖိလစ်ပိုင်နိုင်ငံမှ ”စီရင်ချက်” ဟူသည်ကို ထွက်ပေါ်လာသည်မှာ ဆယ်နှစ်ပြည့်ပြီဟု အသားပေးဖော်ပြခြင်းသည် အဓိပ္ပာယ်မရှိကြောင်း ပြောကြားခဲ့သည်။ အမှန်တရားမှာ “စီရင်ချက်” သည် တရုတ်-ဖိလစ်ပိုင် ပင်လယ်ဆိုင်ရာ အရေးကိစ္စများကို ဖြေရှင်းနိုင်ခြင်းမရှိသည့်အပြင် ဒေသတွင်းပဋိပက္ခများကို ပိုမိုပြင်းထန်စေပြီး တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးနှင့် တောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အဟန့်အတားဖြစ်လာကြောင်း၊ နယ်မြေပိုင်နက်ကိစ္စရပ်များနှင့် ပင်လယ်နယ်နိမိတ်ခွဲခြားမှုဆိုင်ရာ အငြင်းပွားမှုများတွင် တရုတ်နိုင်ငံသည် တရုတ်အပေါ် အတင်းအကျပ်ချမှတ်သော မည်သည့် ပဋိပက္ခဖြေရှင်းရေးအစီအစဉ်ကိုမဆို လက်မခံဘဲ သက်ဆိုင်ရာ တိုက်ရိုက်ပါဝင်သည့် နိုင်ငံများနှင့် စေ့စပ်ညှိနှိုင်းဆွေးနွေးမှုများမှတစ်ဆင့် အငြင်းပွားမှုများကို ဖြေရှင်းရန် အမြဲတမ်း ရပ်တည်တိုက်တွန်းလျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံ (ASEAN) နိုင်ငံများနှင့်အတူ တောင်တရုတ်ပင်လယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပူးပေါင်းထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“တောင်တရုတ်ပင်လယ် အနုညာတစီရင်ဆုံးဖြတ်ချက်” သည် နိုင်ငံတကာပင်လယ်သမုဒ္ဒရာဆိုင်ရာ ဥပဒေ၏ အပျက်သဘောဆောင်သော နမူနာတစ်ခုဖြစ်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံက မည်သို့ပင် အလှဆင်ဝါဒဖြန့်စေကာမူ ၎င်း၏ တရားမဝင်မှု၊ အကျုံးမဝင်မှု၊ အခွင့်အာဏာ ကျော်လွန်မှုနှင့် တရားမဲ့ဖြစ်မှုတို့၏ သဘောသဘာဝကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံက ဖိလစ်ပိုင်အနေဖြင့် တောင်တရုတ်ပင်လယ်အရေးကို ဘက်ပေါင်းစုံတွင် ဝါဒဖြန့်လှုံ့ဆော်မှုများ ရပ်တန့်ပြီး နှစ်နိုင်ငံအကြား ညှိနှိုင်းဆွေးနွေးသည့် မှန်ကန်သောလမ်းကြောင်းသို့ ဆောလျင်စွာ ပြန်လည်ရောက်ရှိရန်၊ တရုတ်နိုင်ငံနှင့်အတူ တောင်တရုတ်ပင်လယ်ဆိုင်ရာ သဘောထားကွဲလွဲမှုများကို စီမံထိန်းချုပ်ကာ တောင်တရုတ်ပင်လယ် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အတူတကွ ထိန်းသိမ်းသွားရန် တိုက်တွန်းကြောင်း စွန်းလေက ပြောကြားခဲ့သည်။ (Xinhua)
........................................
(Chinese Version)
中国代表:奉劝菲律宾停止南海问题多边炒作
新华社联合国9月28日电 中方28日在第81届联大一般性辩论针对菲律宾的发言行使答辩权。中方奉劝菲方停止南海问题多边炒作,尽快回归双边协商正轨。
中国常驻联合国副代表孙磊说,中方一贯认为,联合国不是讨论南海问题的合适场所。但中方有必要对菲方有关错误论调作出严正回应。中方对“南海仲裁案”的立场是一贯、明确的。菲律宾单方面提起所谓仲裁,违背“国家同意”“约定必须遵守”等国际法基本原则,违反包括《联合国海洋法公约》在内的国际法。“仲裁庭”越权审理、枉法裁判,所做“裁决”非法无效,严重影响《公约》规定的原则和精神,严重冲击国际海洋法的权威性和完整性。中国不接受、不承认该“裁决”,反对且不接受任何基于该“裁决”的主张和行动。这既是捍卫自身领土和海洋权益,也是为了维护国际海洋法治,维护公平合理的国际海洋秩序。
孙磊说,菲方渲染所谓“裁决”出台十年,毫无意义。事实是,“裁决”不但不能解决中菲涉海问题,反而激化地区矛盾,成为中菲关系和南海和平稳定的绊脚石。在领土问题和海洋划界争议上,中国不接受任何强加于中国的争端解决方案,一贯主张与有关直接当事国通过谈判协商解决争议。中方将继续同东盟国家一道,共同维护南海和平稳定。
孙磊说,“南海仲裁案”是国际海洋法的反面案例。无论菲方如何标榜粉饰,都改变不了其非法、无效、越权、反动的本质。中方奉劝菲方停止多边炒作,尽快回归双边协商正轨,与中方一道管控南海分歧,共同维护南海和平稳定。(完)
图说:7月8日,海警海陵舰在南海黄岩岛海域巡航(无人机照片)。新华社记者王鹏摄
