ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက သတင်းထောက်များနှင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက သတင်းထောက်များနှင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက စက်တင်ဘာ ၂၈ ရက်တွင် နှစ်ဖက်စေ့စပ်ညှိနှိုင်းမှုရပ်တန့်သွားပြီးနောက် အီရန် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အမေရိကန်မှ ချက်ချင်း ထွက်ခွာရန် တောင်းဆိုခဲ့သည်ဟု အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်၏ စက်တင်ဘာ ၃၀ ရက် သတင်းအရ သိရသည်။

ရူဘီယို၏ ညွှန်ကြားချက်အရ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၈ ရက် ညနေပိုင်းတွင် အီရန် နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီ ဦးဆောင်သည့် အီရန် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် နယူးယောက်မှ ချက်ချင်း မဖြစ်မနေ ထွက်ခွာရန် ကုလသမဂ္ဂဆိုင်ရာ အီရန် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့အား အကြောင်းကြားခဲ့သည်ဟု အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။

စက်တင်ဘာ ၂၈ ရက် အစောပိုင်းတွင် အမေရိကန်ဘက်က ထိုနေ့၏ အီရန်နှင့် စေ့စပ်ညှိနှိုင်းမှုသည် တိုးတက်မှု ရရှိနိုင်မည်ဟု ယူဆခဲ့သော်လည်း ယင်းနောက် စေ့စပ်ညှိနှိုင်းမှုမှာ ကျဉ်းထဲကျပ်ထဲကျနေခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

အီရန် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၈ ရက် ညပိုင်းတွင် ပြန်လည်ထွက်ခွာရန် မူလက စီစဉ်ထားပြီးဖြစ်ကာ ရူဘီယို၏ ဤလုပ်ရပ်သည် “အလွန်ပင် ပုံမှန်မဟုတ်တဲ့ သံတမန်ရေးရာ ပြစ်တင်ဝေဖန်မှုတစ်ရပ်ဖြစ်ပြီး နှစ်နိုင်ငံကြားမှာ နက်ရှိုင်းစွာအမြစ်တွယ်နေပြီးဖြစ်တဲ့ အပြန်အလှန်မယုံကြည်မှုကို ဖော်ထုတ်ပြသနေတယ်” ဟု သတင်းက ယူဆဖော်ပြထားသည်။

ထို့အပြင် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသတင်းအေဂျင်စီ (IRNA) ၏ စက်တင်ဘာ ၂၉ ရက် သတင်းအရ အာရက်ဂ်ချီသည်  ၎င်း၏ခရီးစဉ်အတွင်း သံတမန်ရေးရာ အကြိတ်အနယ်ဆွေးနွေးမှုများပြီးဆုံး၍ နယူးယောက်မှထွက်ခွာကာ တီဟီရန်သို့ ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ ၎င်း၏ ခရီးစဉ်သည် နယူးယောက်တွင် ကျင်းပသည့် ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ရန် အဓိက သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

.........................

(Chinese Version)

美媒:谈判陷入僵局 鲁比奥要求伊朗代表团立即离美

新华社华盛顿9月30日电 据美国阿克西奥斯新闻网站9月30日报道,美国务卿鲁比奥28日曾要求伊朗外长率领的代表团在双方谈判陷入僵局后立即离开美国。  

报道援引美官员的话称,在鲁比奥授意下,美常驻联合国代表团28日晚告知伊朗常驻联合国代表团,伊朗外长阿拉格齐率领的伊朗代表团必须立即离开纽约。  

报道称,28日早些时候,美方认为当天同伊朗的谈判可能会取得进展,但随后的谈判陷入僵局。  

报道认为,伊朗代表团本就计划在28日晚返程,鲁比奥此举是“一种非常不寻常的外交谴责,暴露了两国间根深蒂固的不信任”。  

另据伊朗伊斯兰共和国通讯社29日报道,阿拉格齐在结束其行程和密集的外交磋商后,已离开纽约返回德黑兰。他此行主要是为了参加在纽约举行的第81届联合国大会。(完)

图说:2025年11月23日,在位于瑞士日内瓦的美国常驻联合国日内瓦办事处代表团驻地,美国国务卿鲁比奥会见记者。新华社记者 连漪 摄