
ချင်းသောင်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
အောက်တိုဘာ ၂ ရက်က တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့ ကျောင်းကျိူး ပင်လယ်အော်၏ ပင်လယ်ရေမျက်နှာပြင်အောက် ၁၀၅ မီတာအနက်တွင် “ကော်ရှင့်” ဥမင်တူးစက် (Shield TBM) သည် သတ်မှတ်ထားသည့်နေရာသို့ တူးဖော်ရောက်ရှိလာခြင်းနှင့်အတူ China Railway Siyuan Survey and Design Group Co., Ltd. က ဒီဇိုင်းရေးဆွဲပြီး China Railway 14th Bureau Group Corporation Limited (CRCC14) က ပါဝင်တည်ဆောက်နေသည့် ချင်းသောင် ကျောင်းကျိုးပင်လယ်အော် ဒုတိယဥမင်လိုဏ်ခေါင်း၏ ဝန်ဆောင်မှုလမ်းကြောင်း ဥမင်တူးစက်ဖြင့် တူးဖော်မှု ပြီးစီးခဲ့ပြီဖြစ်ရာ ယင်းက တရုတ်နိုင်ငံ၏ အရှည်လျားဆုံး ပင်လယ်အောက် ကားလမ်းဥမင်လိုဏ်ခေါင်း၏ ဥမင်တူးစက်ဖြင့် တူးဖော်ရေးလုပ်ငန်းများအားလုံး ပြီးဆုံးသွားပြီဖြစ်ကြောင်း မှတ်တိုင်စိုက်ထူလိုက်ခြင်း ဖြစ်သည်။
ချင်းသောင် ကျောင်းကျိုးပင်လယ်အော် ဒုတိယဥမင်လိုဏ်ခေါင်းသည် ချင်းသောင်မြို့၏ ပင်မမြို့နယ်ဧရိယာနှင့် နိုင်ငံအဆင့် အသစ်ဖွံ့ဖြိုးရေးဧရိယာဖြစ်သော ချင်းသောင် အနောက်ကမ်းရိုးတန်း ဖွံ့ဖြိုးရေးဧရိယာအသစ်တို့ကို ဆက်သွယ်ပေးထားသည်။ အဆိုပါ အင်ဂျင်နီယာစီမံကိန်းသည် စုစုပေါင်း အရှည် ၁၇.၄၈ ကီလိုမီတာရှိပြီး ယင်းတို့အနက် ပင်မလိုဏ်ခေါင်းအရှည်မှာ ၁၄.၃၇ ကီလိုမီတာ ရှိကာ “ပင်မလိုဏ်ခေါင်းနှစ်ခု + အလယ်ဗဟို ဝန်ဆောင်မှုဥမင်လိုဏ်ခေါင်း” ဟူသော ပုံစံဖြင့် တည်ဆောက်ထားပြီး နှစ်ဖက်သွား လမ်းကြောင်း ခြောက်လမ်းပါရှိကာ ဒီဇိုင်းရေးဆွဲထားသည့် အမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၈၀ ဖြစ်သည်။ (Xinhua)
-------------------------
(Chinese Version)
我国最长海底公路隧道完成盾构掘进
10月2日,在胶州湾海平面下105米深处,随着“国信号”盾构机抵达预定位置,由铁四院设计、中铁十四局参建的青岛胶州湾第二隧道服务线完成盾构掘进,标志着我国最长海底公路隧道盾构掘进全部完成。
青岛胶州湾第二隧道连接青岛主城区和国家级新区青岛西海岸新区。工程全长17.48公里,其中主线隧道长14.37公里,按“双主线隧道+中间服务隧道”布局,双向六车道,设计时速80公里。
图说 1 :10月2日,中铁十四局建设者在庆祝盾构施工全部完成。新华社记者 李紫恒 摄影报道
图说 2 :10月2日,中铁十四局建设者在吊放隧道内撤出的盾构机液压轴。新华社记者 李紫恒 摄影报道








