
ပေါင်ထိန် (ဟိုင်နန်)၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
‘လီ’ တိုင်းရင်းဆေးယဉ်ကျေးမှုသည် ‘လီ’တိုင်းရင်းသားများစဉ်ဆက်မပြတ် လက်တွေ့ကျင့်သုံးရင်း ပြုစုလာခဲ့သည့် ထူးခြားသောကုထုံးဖြစ်သည်။ ‘လီ’ တိုင်းရင်းဆေးပညာ၏ အရိုးအဆစ်ဒဏ်ရာကုထုံးနှင့် မြွေအဆိပ်ဖြေကုထုံး စသည်တို့သည် တရုတ်နိုင်ငံဟိုင်နန်ပြည်နယ်၏ ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစီမံကိန်းတစ်ခု ဖြစ်သည်။
ပေါင်ထျင် လီနှင့် မြောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် ‘လီ’ တိုင်းရင်းဆေးရုံကို ၂၀၂၄ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ပြီး ယင်းက ဟိုင်နန်ပြည်နယ်တွင် ပထမဆုံးဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ ယခင်က ‘လီ’ တိုင်းရင်းဆေးပညာကို မြို့ပြနှင့်ကျေးလက်ဒေသ အသီးသီးတွင် အနှံ့အပြားသုံးစွဲလာခဲ့ရာ ‘လီ’ တိုင်းရင်းဆေးပညာယဉ်ကျေးမှုကို နှုတ်ဖြင့်သာ လက်ဆင့်ကမ်းခဲ့ကြသည်။
လီဆေးဝါးဆေးရုံသည် လီတိုင်းရင်းဆေးပညာအမွေဆက်ခံသူများကို စုစည်းကာ တစ်ပြိုင်နက်တည်း ‘လီ’ ဆေးပညာ၏ ထူးထူးခြားခြား အားသာချက်ကို အမိအရ အသုံးချလျက်ရှိသည်။ “လီ တိုင်းရင်းဆေးပညာရှင် + ကျန်းမာရေးစောင့်ရှောက်မှု” ဝန်ဆောင်မှုတွင် လီတိုင်းရင်းဆေးများအသုံးပြုကာ ပေါင်းတင်ခြင်း၊ ခန္ဓာကိုယ်ပေါ်တွင်လူးခြင်း၊ ကျွဲချို စုပ်ခွက်ကုထုံးနှင့်တွဲဖက်အသုံးပြုခြင်း၊ လီတိုင်းရင်းဆေးအရက်ဆီဖြင့် နှိပ်နယ်ခြင်း စသည့် ထူးခြားသောကုထုံးသစ်များကိုဆန်းသစ်တီထွင်ကုသပေးလျှက်ရှိရာ လီတိုင်းရင်ဆေး တစ်ခေတ်ဆန်းသစ်လာပြီဖြစ်သည်။ (Xinhua)
---------------------
(Chinese Version)
海南保亭:千年黎医焕新生
新华社照片,保亭(海南),2026年10月2日
黎族医药文化是黎族人民经过不断实践和积累形成的独特文化。黎族医药(骨伤疗法、蛇伤疗法)是海南省省级非物质文化遗产代表性项目。
保亭黎族苗族自治县黎医医院于2024年揭牌,是海南首家黎医医院。据了解,在此之前,黎医多分散在城乡各地,依靠口传心授传承黎族医药文化。黎医医院在汇聚黎族医药传承人的同时,发挥黎族医药特色优势,集“黎医+康养”于一体,推出黎药熏蒸、黎药外敷、牛角拔罐、黎药酒推拿等特色服务,推动黎族医药传承创新,让黎族医药在新时代焕发新生机。
图说1:9月29日,市民在保亭黎族苗族自治县黎医医院体验黎药熏蒸。新华社记者 蒲晓旭 摄
图说2:9月30日,在保亭黎族苗族自治县黎医医院,黎族医药传承人王桂香查看黎药药材。 新华社记者 蒲晓旭 摄








