
နယူးဒေလီ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့က အောက်တိုဘာ ၂ ရက်တွင် အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ် အိန္ဒိယ-ပါကစ္စတန်နယ်စပ် အနီးတစ်ဝိုက်၌ ပါကစ္စတန်နိုင်ငံသား ဖြစ်သည်ဟု ယူဆရသူ နှစ်ဦးအား ပစ်သတ်ခဲ့ကြောင်း Hindustan Times သတင်းစာက အောက်တိုဘာ ၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။
သတင်းတွင် အိန္ဒိယ အစိုးရအရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ အဖွဲ့ဝင်က အောက်တိုဘာ ၂ ရက် နေ့လယ်တွင် ပန်ဂျပ်ပြည်နယ် Dera Baba Nanak ဒေသ၌ အိန္ဒိယ-ပါကစ္စတန် နယ်စပ်ကို ကျော်ဖြတ်၍ အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းသူရှိသည်ကို တွေ့ရှိခဲ့ကြောင်း၊ အိန္ဒိယဘက်မှ တပ်သားက တစ်ဖက်သားကို ရပ်တန့်ရန် အကြိမ်များစွာ သတိပေး တောင်းဆိုခဲ့သော်လည်း တစ်ဖက်သားက “လျစ်လျူရှုပြီး အိန္ဒိယနိုင်ငံဘက်သို့ ဆက်လက်ရွေ့လျားလာ” ကြောင်း၊ အိန္ဒိယဘက်မှ သေနတ်ပစ်ခတ်ခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူနှစ်ဦးမှာ “ပါကစ္စတန်ဘက်မှ စိမ့်ဝင်ရောက်လာသူ” ဖြစ်သည်ဟု ယူဆရကြောင်း အိန္ဒိယဘက်က ဆိုသည်ဟု ဖော်ပြထားသည်။
သေဆုံးသူနှစ်ဦးက မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုရသေးကြောင်း၊ ၎င်းတို့ရုပ်အလောင်းများအား ဒေသတွင်းရဲတပ်ဖွဲ့က စစ်ဆေးမှုပြုလုပ်ရန် လွှဲပြောင်းပေးပြီးဖြစ်ကြောင်း သတင်းက ဆိုထားသည်။
ပါကစ္စတန် လုံခြုံရေးဌာန သတင်းအရင်းအမြစ်ပုဂ္ဂိုလ်က ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် Kasur ခရိုင် အိန္ဒိယ-ပါကစ္စတန် နယ်စပ်ဒေသ အနီးတစ်ဝိုက်၌ ပါကစ္စတန် ရွာသူ၊ ရွာသား ၃ ဦးက နယ်စပ် နယ်နိမိတ်တိုင်များ ကျော်လွန်ခါစတွင် အိန္ဒိယ နယ်ခြားစောင့်ဝန်ထမ်းက “ကြိုတင်သတိပေးခြင်းမရှိဘဲ ၎င်းတို့ထံ သေနတ်ပစ်ခတ်” ခဲ့ရာ ၂ ဦးသေဆုံး၍ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။
အိန္ဒိယဘက်၏ လုပ်ရပ်သည် အိန္ဒိယ-ပါကစ္စတန် နယ်စပ်သက်ဆိုင်ရာ သဘောတူညီချက်နှင့်လုပ်ထုံးလုပ်နည်းစံချိန်များကို ချိုးဖောက်နေကြောင်း၊ အိန္ဒိယမီဒီယာက “မဟုတ်မမှန် ဖြစ်ရပ်မှန် လုပ်ကြံဖန်တီး” ပြီး ပါကစ္စတန် အရပ်သားပြည်သူများအား “စိမ့်ဝင်သူ” ဟူ၍ တံဆိပ်တပ်လိုက်ခြင်းဖြစ်ကြောင်း သတင်းအရင်းအမြစ်က ဆိုသည်။ (Xinhua)
---------------------
(Chinese Version)
印媒称印边防人员在印巴边境打死两名疑似巴基斯坦人
新华社新德里10月3日电 据《印度斯坦时报》3日报道,印度边境安全部队2日在印度北部旁遮普邦印巴边境附近开枪打死两名疑似巴基斯坦人。
报道援引印官员的话称,印边境安全部队人员2日中午在旁遮普邦达尔恩达兰地区发现有人试图越过印巴边境进入印度。印方人员多次警告要求对方停下,但对方“无视并继续向印度一侧移动”,印方人员遂开枪射击,造成两人死亡。印方称两名死者疑似“巴方渗透人员”。
报道说,两名死者身份尚未确认,遗体已移交当地警方进行尸检。
巴基斯坦安全部门消息人士2日说,在巴东部旁遮普省卡苏尔地区印巴边境附近,3名巴村民刚越过边境界桩,印边防人员便“毫无预警地向他们开火”,造成两人死亡、一人受伤。消息人士表示,印方做法违反印巴边界相关协议和标准作业程序。印度媒体“捏造事实”,并将巴方平民贴上所谓“渗透者”的标签。(完)
图说:2021年10月11日,印度军人在印控克什米尔斯利那加街头执勤。新华社发(贾韦德·达尔摄)








