
နိုင်ရိုဘီ၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန် အဆင့်မြင့်အလွှာ ထိတွေ့ဆက်ဆံမှုများက သဘောထားကွဲလွဲမှုများကို ကိုင်တွယ်စီမံရန်နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အခြေအနေကောင်းများ ဖန်တီးပေးခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ပိုမိုတည်ငြိမ်သော နိုင်ငံတကာအခင်းအကျင်းတစ်ခု ဖြစ်ထွန်းလာစေရန် အထောက်အကူပြုလျက်ရှိကြောင်း အာဖရိကသမဂ္ဂ (AU) တာဝန်ရှိသူဟောင်းတစ်ဦးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အမေရိကန်ခရီးစဉ်မှာ နှစ်နိုင်ငံဆက်ဆံရေး ဆိုသည်ထက် များစွာကျော်လွန် အရေးပါလျက်ရှိကြောင်း အာဖရိကသမဂ္ဂ (AU) ကော်မရှင် ဒုတိယဥက္ကဋ္ဌဟောင်း အီရက်စတက်စ် အမ်ဝမ်ချာက ဆင်ဟွာသတင်းဌာနသို့ စာဖြင့်ရေးသားဖြေကြားသည့် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။
လွန်ခဲ့သည့်နှစ်က တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် တွေ့ဆုံမှုမှသည် ယခုနှစ် မေလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပေကျင်းသို့ နိုင်ငံတော်ခရီးစဉ်၊ ယခုတစ်ကြိမ် ရှီ၏ အမေရိကန်ခရီးစဉ်တို့အထိ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး၏ ကူးလူးဆက်ဆံမှုများသည် သဘောထားကွဲလွဲမှုများ ရှိနေချိန်တွင် နှစ်နိုင်ငံအနေဖြင့် တွေ့ဆုံဆွေးနွေးခြင်းမှတစ်ဆင့် ကိုင်တွယ်စီမံရန် ဆက်လက်ကြိုးပမ်းလျက်ရှိသည်ဟူသော အရေးပါသည့် သတင်းစကားတစ်ခု ပါးလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
"တွေ့ဆုံဆွေးနွေးမှုဟာ စွန့်စားမှုတွေကို မဟာဗျူဟာမြောက် ကိုင်တွယ်စီမံဖို့ နည်းလမ်းတစ်ခု ဖြစ်လာပါပြီ" ဟု ၎င်းက ပြောကြားခဲ့ပြီး ခေါင်းဆောင်နှစ်ဦးအကြား တိုက်ရိုက်ထိတွေ့ဆက်ဆံမှုကို ထိန်းသိမ်းထားခြင်းက အပြန်အလှန်နားလည်မှု တိုးပွားစေရန် အထောက်အကူပြုနိုင်သည့်အပြင် ထိရှလွယ်သော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင်လည်းကောင်း၊ မှားယွင်းတွက်ချက်မှုများ မဖြစ်စေရန် ကြိုတင်ဟန့်တားရာတွင်လည်းကောင်း လမ်းကြောင်းများ ဖွင့်လှစ်ပေးနိုင်မည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261001/3ebcd279a15640258747fdf6058fc0aa/c.html

………………………….
(English Version)
Constructive China-U.S. engagement can unlock more opportunities for global development, says former AU official
NAIROBI, Oct. 1 (Xinhua) -- High-level China-U.S. engagement has created conditions for managing differences and promoting cooperation, helping foster a more stable international environment for world peace, said a former African Union (AU) official.
"The significance of Chinese President Xi Jinping's visit to the United States has gone far beyond bilateral relations themselves," said Erastus Mwencha, former deputy chairperson of the AU Commission, in a written interview with Xinhua.
From last year's meeting in Busan, South Korea, to U.S. President Donald Trump's state visit to Beijing in May this year, and now with Xi's visit to the United States, these exchanges by the two leaders have sent an important signal -- in the face of differences, the two countries still seek to manage them through dialogue, he said.
"Dialogue is becoming a tool for strategic risk management," he said, adding that maintaining direct communication between the two leaders can help enhance mutual understanding and provide channels for handling sensitive issues and preventing miscalculation.
https://english.news.cn/20261001/3ebcd279a15640258747fdf6058fc0aa/c.html
Photo caption 1: U.S. President Donald Trump holds a welcome ceremony for Chinese President Xi Jinping, who is on a state visit to the United States, at the White House in Washington, D.C., the United States, Sept. 24, 2026. (Xinhua/Yin Bogu)
Photo caption 2: A visitor takes photos of the Dawning 8000 (Dengfeng) AI Supercluster of Sugon displayed during the 2026 World AI Conference and High-Level Meeting on Global AI Governance in Shanghai, east China, July 19, 2026. (Xinhua/Chen Haoming)








