ဟန်ကျိုး၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ရှိ ရှီးဟူရေကန်တွင် စက်ရုပ်ငါးတစ်ကောင်က တာဝန်အသစ်တစ်ရပ်ကို ထမ်းဆောင်နေပြီဖြစ်သည်။

ဒေသခံ ငါးကြင်းနက်ပုံစံကို အခြေခံစံနမူနာယူထားပြီး အဆင့်မြှင့်တင်ထားသော အဆိုပါ ဇီဝပုံစံတူစက်ရုပ်ငါးတွင် ရေအောက်၌ ပျောက်ဆုံးသွားသောပစ္စည်းများကို ရှာဖွေဖော်ထုတ်ရန်နှင့် အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပေးပို့ရန်အတွက် HD ကင်မရာ၊ အနီအောက်ရောင်ခြည်ဖြင့် ပုံရိပ်ဖော်စနစ်နှင့် ပေသို ဂြိုဟ်တု တည်နေရာပြစနစ်တို့ တပ်ဆင်ထားသည်။ (Xinhua)

---------------------

(English Version)

Robotic fish patrols China's West Lake

A robotic fish is taking on a new role in West Lake, Hangzhou.

Inspired by the local black carp, the upgraded biomimetic fish is equipped with an HD camera, infrared imaging, and BeiDou positioning to help detect lost objects underwater and transmit data in real time.