
တီဟီရန်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံ သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က ထစ်ခနဲဆိုလျှင် ဖိအားပေးခြင်း၊ ပိတ်ဆို့အရေးယူခြင်းများကို မကြာခဏ ပြုလုပ်ပြီး ကတိကဝတ်များကို အဆက်မပြတ် ဖောက်ဖျက်နေသည့် “ရန်သူ” နှင့် စေ့စပ်ညှိနှိုင်းခြင်းသည် “လုံးဝအဓိပ္ပာယ်မရှိ” ဟု အောက်တိုဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။
ပါဇက်ရှ်ကီရမ်သည် ထိုနေ့တွင် အီရန်နိုင်ငံ မြို့တော် တီဟီရန်၌ အလည်အပတ်ရောက်ရှိနေသော အာမေးနီးယားနိုင်ငံခြားရေးဝန်ကြီး Ararat Mirzoyan ကို လက်ခံတွေ့ဆုံစဉ် အထက်ပါမှတ်ချက်များကို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အီရန်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ အမေရိကန်သည် အီရန်ကို တိုက်ခိုက်ပြီးနောက် စေ့စပ်ညှိနှိုင်းလိုကြောင်း ထပ်မံပြောဆိုခြင်းသည် ၎င်း၏ “လှည့်ဖြားမှုအပြုအမူ” ကို ထင်ရှားစွာ ဖော်ပြနေခြင်းဖြစ်ကြောင်း ပါဇက်ရှ်ကီရမ်က အလေးပေးပြောကြားခဲ့သည်။
ပါဇက်ရှ်ကီရမ်က အီရန်သည် နျူကလီးယားဆိုင်ရာ လှုပ်ရှားမှုများတွင် ၎င်း၏ သဘောထားအမှန်ကို အကြိမ်ကြိမ် သက်သေပြခဲ့ပြီး နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ၏ ကြီးကြပ်မှုကိုလည်း လက်ခံခဲ့သည်ဟု ပြောကြားခဲ့သည်။ မကြာသေးမီက ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားစဉ် နျူကလီးယားဆိုင်ရာလှုပ်ရှားမှုနယ်ပယ်တွင် တွေ့ဆုံဆွေးနွေးမှုနှင့် စစ်ဆေးအတည်ပြုမှုများလုပ်ဆောင်ရန် အသင့်ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။
အခြား အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အီရန်နိုင်ငံခြားရေးဝန်ကြီး အာရက်ဂ်ချီက အောက်တိုဘာ ၅ ရက်တွင် Mirzoyan နှင့် တွေ့ဆုံစဉ် အီရန်သည် ၎င်း၏ နိုင်ငံအကျိုးစီးပွားနှင့် လုံခြုံရေးကို “ခိုင်မာစွာ” ကာကွယ်မည်ဖြစ်သော်လည်း အခြေအနေ ပိုမိုဆိုးရွားလာခြင်းကို တားဆီးရန်အတွက် သံတမန်ရေး နည်းလမ်းများကို အသုံးပြုရန်လည်း ဘယ်သောအခါကမျှ ချီတုံချတုံ မဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆွေးနွေးပွဲအတွင်း အာရက်ဂ်ချီက Mirzoyan ထံ အနောက်အာရှဒေသ၊ အထူးသဖြင့် ဟော်မုဇ်ရေလက်ကြားဒေသ၏ အခြေအနေဆိုင်ရာ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို အကြောင်းကြားခဲ့သည်။ (Xinhua)
.....................................
(Chinese Version)
伊朗总统称与不断背弃承诺的“敌人”谈判毫无意义
新华社德黑兰10月5日电(记者沙达提)伊朗总统佩泽希齐扬5日表示,与一个动辄施压、制裁且不断背弃承诺的“敌人”进行谈判“毫无意义”。
据伊朗总统办公室发布的声明,佩泽希齐扬当天在伊朗首都德黑兰会见来访的亚美尼亚外长米尔佐扬时发表上述言论。佩泽希齐扬强调,美国在攻击伊朗后又声称愿意谈判,这正是其“欺骗行为”的体现。
佩泽希齐扬表示,伊朗已多次证明其在核活动方面的诚意,并接受国际原子能机构监督。他不久前在联合国大会发表讲话时表示,伊朗“已准备好在核活动领域开展对话与核查”。
另据伊朗外交部发表的声明称,伊朗外长阿拉格齐5日会见米尔佐扬时表示,伊朗将“坚定”捍卫其国家利益与安全,但也从未犹豫过利用外交手段来防止局势升级。会谈期间,阿拉格齐向米尔佐扬通报了西亚地区、特别是霍尔木兹海峡局势的最新发展情况。(完)
图说:9月23日,在位于纽约的联合国总部,伊朗总统佩泽希齐扬在第81届联合国大会一般性辩论上发言。新华社记者 吴晓凌 摄








