de5f4a8f970257465fef30f0839e209c094dc2d9.article_cover.content.avif)
ဝါရှင်တန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)
ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်နိုင်ငံအပေါ် စစ်ရေးတိုက်ခိုက်မှု စတင်ခဲ့ချိန်မှစ၍ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ် ၈၁ စင်း ထိခိုက်ပျက်စီးခဲ့ကြောင်း အမေရိကန် လွှတ်တော်သုတေသနဝန်ဆောင်မှုဌာနက အောက်တိုဘာ ၅ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ သိရသည်။
အဆိုပါ အစီရင်ခံစာအရ စစ်ပွဲအတွင်း ထိခိုက်ပျက်စီးခဲ့သည့် လေယာဉ်များတွင် F-15E တိုက်လေယာဉ် ၁၂ စင်း၊ A-10 “Thunderbolt” တိုက်ခိုက်ရေးလေယာဉ် ၂ စင်း၊ KC-135 လောင်စာဖြည့်လေယာဉ် ၇ စင်း၊ E-3 “Sentinel” ကြိုတင်သတိပေး စောင့်ကြည့်ရေးလေယာဉ် ၁ စင်း၊ MQ-4C အကြီးစား မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ် ၁ စင်းနှင့် MQ-9 “Reaper” မောင်းသူမဲ့လေယာဉ်ငယ် ၄၅ စင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။
သတင်းမီဒီယာများ၊ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၊ အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) နှင့် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆေးရေးမှူးချုပ်တို့ထံမှ ရရှိသည့် အချက်အလက်များကို အခြေခံ၍ သက်ဆိုင်ရာအချက်အလက်များကို ဖော်ပြထားခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကွန်ဂရက်လွှတ်တော်သည် ပျက်စီးခဲ့သည့် လေယာဉ်များကို ပြုပြင်ရန် သို့မဟုတ် အစားထိုးရန် လိုအပ်သည့် ရန်ပုံငွေ တောင်းခံမှုကို အတည်ပြုပေးမည်၊ မပြုမည်ကို စဉ်းစားသုံးသပ်နေသည့်အပြင် ဖြစ်ပေါ်ခဲ့သည့် ဆုံးရှုံးပျက်စီးမှုများအပေါ် အခြေခံ၍ စစ်ပွဲအခြေအနေနှင့် ရန်သူတပ်ဖွဲ့များ၏ လက်နက်ပစ်ခတ်မှုမှ ဖြစ်ပေါ်လာနိုင်သည့် ခြိမ်းခြောက်မှုအဆင့်ကိုလည်း အကဲဖြတ်သွားမည်ဖြစ်ကြောင်း၊ ထို့အပြင် အမေရိကန်စစ်တပ် စစ်လက်နက်ပစ္စည်းများ၊ စစ်နည်းဗျူဟာများ သို့မဟုတ် စစ်အခြေစိုက်စခန်းများ ဖြန့်ကြက်ထားရှိမှုပုံစံတို့ကို ပြင်ဆင်ရန် လိုအပ်ခြင်း ရှိ၊ မရှိကိုလည်း သုံးသပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆေးရေးအဖွဲ့က စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ အီရန်စစ်ပွဲကြောင့် အမေရိကန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသရှိ ၎င်း၏ စစ်စခန်းများနှင့် သံတမန်ရေးရာ အဆောက်အအုံများတွင် ဆိုးရွားကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရပြီး အနည်းဆုံးရာနှင့်ချီသော အဆောက်အအုံနှင့် အခြားသောအခြေခံအဆောက်အဦးများ ပျက်စီးခဲ့ကာ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ် အစင်းရေ ၅၀ ကျော် ထိခိုက်ပျက်စီးခြင်း သို့မဟုတ် ပျက်စီးဆုံးရှုံးခြင်းများ ရှိခဲ့ကြောင်း သိရသည်။
ဤသည်မှာ ဖေဖော်ဝါရီ ၂၈ ရက်မှ ဇွန် ၃၀ ရက်အထိ ကာလအတွင်း အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် အကြီးစား စစ်ရေးလုပ်ရှားမှုများ စတင်ပြုလုပ်ချိန်မှစ၍ အမေရိကန် ကြုံတွေ့ခဲ့ရသော ဆုံးရှုံးမှုအခြေအနေများနှင့်ပတ်သက်၍ ပင်တဂွန်စစ်ဌာနချုပ်က ပထမဆုံးအကြိမ် တရားဝင်ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။ ထို့အပြင် အမေရိကန် ကွန်ဂရက်လွှတ်တော် ဘဏ္ဍာငွေ အသုံးစရိတ် စီမံခန့်ခွဲရေးရုံး၏ အစီရင်ခံစာခန့်မှန်းချက်အရ သြဂုတ် ၁ ရက်အထိ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ၅ လတာအတွင်း အီရန်စစ်ပွဲအတွက် အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံခန့် သုံးစွဲခဲ့ကြောင်း သိရသည်။ (Xinhua)
-------------------------
(Chinese Version)
美报告对伊战事损失81架军机 包括12架F-15战机
新华社华盛顿10月6日电 据美国国会研究服务部5日发布报告,自2月28日美国和以色列对伊朗发起军事打击以来,共有81架美军飞机受损或被毁。
根据报告,上述战损飞机包括12架F-15E战斗机、2架A-10“雷电”攻击机、7架KC-135加油机、1架E-3“哨兵”预警机、1架MQ-4C大型无人侦察机、45架MQ-9“死神”无人机等。
报告称,相关数据来自新闻报道、美国国防部、美军中央司令部以及国防部监察长。国会正考虑是否批准修理或更换受损飞机的资金请求,还将据损失评估战争环境和敌军火力的威胁程度,以及是否需要调整美军装备、战术或基地部署态势等。
美国国防部监督机构9月14日公布报告显示,伊朗战事导致美国在中东地区的军事基地和外交机构遭受重大损失,至少数百栋建筑物和其他设施遭破坏,50多架美军飞机受损或被毁。这是五角大楼首次就这一战事期间美方装备和设施损失情况进行正式通报,涵盖2月28日美国和以色列对伊朗发起大规模军事行动至6月30日期间美国遭受的损失。另据美国国会预算办公室发布报告估算,截至8月1日,美国国防部在5个月内为伊朗战事支出约380亿美元。
图说 :这是2025年10月15日在美国华盛顿拍摄的国会大厦。新华社记者 李睿 摄








