အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Burbank မြို့တွင် Skydance ကုမ္ပဏီ အမှတ်တံဆိပ်ပါရှိသည့် Warner Bros. Discovery စတူဒီယိုအဆောက်အဦကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Burbank မြို့တွင် Skydance ကုမ္ပဏီ အမှတ်တံဆိပ်ပါရှိသည့် Warner Bros. Discovery စတူဒီယိုအဆောက်အဦကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ် (အမေရိကန်)၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

လပေါင်းများစွာကြာမြင့်ခဲ့သည့် ဝယ်ယူရေးပြိုင်ဆိုင်မှုနှင့် ဥပဒေရေးရာ အငြင်းပွားမှုများအပြီး Paramount Skydance ကုမ္ပဏီက အောက်တိုဘာလ ၆ ရက်တွင် Warner Bros. Discovery ကုမ္ပဏီကို တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၀ ဘီလီယံခန့်ဖြင့် ဝယ်ယူပြီးစီးကြောင်း ကြေညာခဲ့ပြီး ဟောလိဝုဒ်နှင့် သတင်းမီဒီယာလုပ်ငန်းကို ဖြတ်ကျော်လွှမ်းခြုံထားသည့် မီဒီယာလုပ်ငန်းအုပ်စုကြီးအသစ်တစ်ခုကို ဖန်တီးခဲ့သည်။ ယင်းမှာ အမေရိကန် မီဒီယာလုပ်ငန်းနယ်ပယ်သမိုင်းတွင် အကြီးမားဆုံး ကုမ္ပဏီပေါင်းစည်းဝယ်ယူမှု အရောင်းအဝယ်များအနက် တစ်ခုဖြစ်သည်။

ဤကုမ္ပဏီအသစ်ကို Skydance ဟု အတိုကောက်ခေါ်ဆိုမည်ဖြစ်သည်။ ၎င်းအောက်တွင် Paramount နှင့် Warner Bros. ၏ ရုပ်ရှင်နှင့် ရုပ်သံထုတ်လုပ်ရေးစတူဒီယို၊ Paramount+ နှင့် HBO Max စသည့် အွန်လိုင်းတိုက်ရိုက်ထုတ်လွှင့်မှုဝန်ဆောင်မှုများ၊ ထို့ပြင် CNN နှင့် CBS သတင်းဌာနတို့ကဲ့သို့သော အဓိက သတင်းမီဒီယာအဖွဲ့အစည်းကြီးနှစ်ခုလည်း ပါဝင်မည်ဖြစ်သည်။ (Xinhua)

...................................

(Chinese Version)

派拉蒙天舞完成对华纳兄弟收购

新华社照片,洛杉矶(美国),2026年10月7日

经过数月的竞购角逐以及法律拉锯战,派拉蒙天舞公司10月6日宣布完成对华纳兄弟探索公司价值约1100亿美元的收购,打造出一家横跨好莱坞和新闻行业的全新超级传媒集团。这是美国传媒行业历史上规模最大的并购交易之一。

这家新公司将简称为天舞。旗下将包括派拉蒙和华纳兄弟的电影及电视制片厂、Paramount+和HBO Max等流媒体服务,以及美国有线电视新闻网和哥伦比亚广播公司新闻部两大新闻机构。

图说1:这是10月6日在美国加利福尼亚州伯班克拍摄的印有天舞公司标识的华纳兄弟制片厂建筑物。 新华社发(曾慧摄)

图说2:这是10月6日在美国加利福尼亚州洛杉矶拍摄的派拉蒙天舞公司建筑物。新华社发(曾慧摄)