တူကီယဲနိုင်ငံ Konya မြို့ရှိ ဆိုလာပြားများကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Mustafa Kaya/Handout via Xinhua)
တူကီယဲနိုင်ငံ Konya မြို့ရှိ ဆိုလာပြားများကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ - Mustafa Kaya/Handout via Xinhua)

အန်ကာရာ၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

တူကီယဲနိုင်ငံ၏ နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင်တို့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအနေဖြင့် သြဂုတ်လတွင် စံချိန်တင်မြင့်တက်ခဲ့ပြီး ယခုနှစ် ပထမ ရှစ်လတာကာလအတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကလည်း နိုင်ငံ၏ စုစုပေါင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ၂၀၀၀ ပြည့်နှစ်မှစ၍ အမြင့်ဆုံးအချိုးအစားရှိခဲ့သည်ဟု စွမ်းအင်နှင့် သဘာဝသယံဇာတဝန်ကြီးဌာနက အောက်တိုဘာ ၆ ရက် ပြောကြားခဲ့ကြောင်း သိရသည်။

တူရကီနိုင်ငံ၏ နေရောင်ခြည်စွမ်းအင်နှင့် လေစွမ်းအင်တို့မှ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ပေါင်းစပ်ပမာဏမှာ သြဂုတ်လတွင် ကီလိုဝပ်နာရီ ၉.၉ ဘီလီယံအထိ ရှိခဲ့ပြီး မှတ်တမ်းများအရ လစဉ်ထုတ်လုပ်မှုပမာဏတွင် အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း ဝန်ကြီးဌာန၏ အချက်အလက်များက ဖော်ပြခဲ့သည်။

ရေစွမ်းအင်၊ လေစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင်အပါအဝင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များမှ ဇန်နဝါရီလမှ သြဂုတ်လအထိ ကာလအတွင်း လျှပ်စစ်ဓာတ်အား စုစုပေါင်း ကီလိုဝပ်နာရီ ၁၄၉.၈ ဘီလီယံ ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ၎င်းပမာဏမှာ တူကီယဲနိုင်ငံ၏ စုစုပေါင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၆၀.၃ ရာခိုင်နှုန်းရှိပြီး ၂၀၀၀ ပြည့်နှစ်မှစ၍ အဆိုပါကာလအတွက် မှတ်တမ်းတင်ထားသမျှတွင် အမြင့်ဆုံးအချိုးအစားဖြစ်ကြောင်း အစိုးရက တစ်စိတ်တစ်ပိုင်းပိုင်ဆိုင်သော သတင်းဌာန Anadolu Agency က ဖော်ပြခဲ့သည်။

တူကီယဲနိုင်ငံအနေဖြင့် "စွမ်းအင်ကဏ္ဍတွင် လုံးဝအမှီအခိုကင်းသော  တူကီယဲနိုင်ငံ" ဖြစ်လာစေရေး ရည်မှန်းချက်ဆီသို့ တည်ငြိမ်စွာ ဆက်လက်လျှောက်လှမ်းသွားမည်ဟု တူကီယဲနိုင်ငံ စွမ်းအင်နှင့် သဘာဝသယံဇာတဝန်ကြီး Alparslan Bayraktar က X လူမှုကွန်ရက်ပလက်ဖောင်းတွင် ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

..........................................

(English Version)

Türkiye's renewable energy share hits new high in Jan.-Aug. period

ANKARA, Oct. 6 (Xinhua) -- Türkiye's solar and wind power generation reached a record high in August, the Energy and Natural Resources Ministry said Tuesday, while renewable energy accounted for its highest share of total electricity generation since 2000 in the first eight months of the year.

The ministry's data showed that Türkiye's combined solar and wind power generation reached 9.9 billion kilowatt-hours in August, the highest monthly level on record.

According to the semi-official Anadolu Agency, renewable energy sources, including hydropower, wind and solar, generated a total of 149.8 billion kilowatt-hours during the January-August period, accounting for 60.3% of Türkiye's total electricity generation, the highest share recorded for the period since 2000.

Turkish Energy and Natural Resources Minister Alparslan Bayraktar said on social media platform X that Türkiye would continue to move steadily toward the goal of a "Fully Independent Türkiye in Energy." ■

Photo caption: Photo taken on Oct. 25, 2024 shows solar panels in Konya, Türkiye. (Mustafa Kaya/Handout via Xinhua)