ရှမန်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)
ရှမန်မြို့မှ ထျန်းကျင်းမြို့သို့ ရထားဖြင့် လာရောက်သည့် ခရီးသည်တစ်ဦးမှာ ရုတ်တရက် နာမကျန်းဖြစ်ခဲ့ရာ ရထားဝန်ထမ်းများက ချက်ချင်းတုံ့ပြန်ဆောင်ရွက်ခဲ့သည်။ ရထားဝန်ထမ်းများက ရထားမောင်းနှင်သူအား အလျင်အမြန်အသိပေးခဲ့ပြီး အနီးဆုံးဘူတာတွင် အရေးပေါ်ရပ်တန့်ပေးရန် တောင်းဆိုခဲ့ရာ ဘူတာရုံ ဝန်ထမ်းများကလည်း အကူအညီပေးရန် အသင့်စောင့်ဆိုင်းနေခဲ့ကြသည်။ ယခုအခါ အဆိုပါခရီးသည်မှာ အသက်အန္တရာယ်မှ လွတ်မြောက်သွားပြီဖြစ်သည်။ လျင်လျင်မြန်မြန် တုံ့ပြန်ဆောင်ရွက်မှု၊ ဟန်ချက်ညီညီ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုဖြစ်ကာ ထိုအခြေအနေ၌ စက္ကန့်တိုင်းက အရေးပါခဲ့သည်။ (Xinhua)
..................................
(English Version)
Train crew rushes to save passenger on China's high-speed rail
This train crew didn't miss a beat when a passenger suddenly fell ill on the way from Xiamen to Tianjin. The crew quickly alerted the driver and requested an emergency stop at the next station, where staff were standing by to help. The passenger is now out of danger. Quick response. Seamless teamwork. Every second counted. #EverydayHeroes #HighSpeedRail #ChinaTravel #China #Teamwork








