တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ကျင်းဆန်းမြို့၌ ကျင်းပသော Jingshan Tennis Open တင်းနစ်ပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအား ကြည့်ရှုအားပေးနေသူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၄ ရက် တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ကျင်းဆန်းမြို့၌ ကျင်းပသော Jingshan Tennis Open တင်းနစ်ပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအား ကြည့်ရှုအားပေးနေသူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၄ ရက် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ ရင်သပ်ရှုမောဖွယ် ရှုမျှော်ခင်းများ၊ ဓာတ်ပုံရိုက်ကူးနိုင်သည့် အခွင့်အလမ်းများနှင့် အစဉ်အလာအားဖြင့် ဆက်စပ်နေသော်လည်း Wang Xin (အမည်လွှဲ) သည် ယခုနှစ် အမျိုးသားနေ့ အားလပ်ရက်တွင် မတူညီသည့် ပုံစံတစ်မျိုးကို ရွေးချယ်ခဲ့ပြီး ယင်းမှာ တင်းနစ်ပွဲကြည့်ရှုခြင်းဖြစ်သည်။

အားလပ်ရက်မတိုင်မီ အစောပိုင်းကတည်းကပင် ၎င်းသည် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ Jingshan Tennis Open ပြိုင်ပွဲ လက်မှတ်များကို ကြိုတင်ဝယ်ယူထားခဲ့သည်။

ကီလိုမီတာ ၁,၀၀၀ ခန့် ကွာဝေးသော ကွမ်တုန်းပြည်နယ် တုန်းကွမ်မြို့တွင် နေထိုင်သူဖြစ်သည့် ၎င်းမှာ ထိုပြိုင်ပွဲကြောင့် ကျင်းဆန်းမြို့အကြောင်းကို စတင်သိရှိခဲ့ခြင်းဖြစ်သည်။ "WTA (အမျိုးသမီးတင်းနစ်အဖွဲ့ချုပ်) နဲ့ ATP (အမျိုးသားတင်းနစ်အဖွဲ့ချုပ်) တို့က လူငယ်ကစားသမားတွေပါဝင်တဲ့ ပွဲစဉ်တွေကို အနီးကပ် ကြည့်ချင်ပါတယ်" ဟု အဆိုပါတင်းနစ်ဝါသနာရှင်က ဆိုသည်။

၎င်းအနေဖြင့် တင်းနစ်ပွဲစဉ်များကို သုံးရက်ကြာကြည့်ရှုရန်နှင့် ကျန်လေးရက်တွင်မူ အဆိုပါခရိုင်မြို့ရှိ ရှုခင်းလှပသော တောင်များ၊ ချိုင့်ဝှမ်းများနှင့် သစ်တောများသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသည်။

တရုတ်နိုင်ငံ၏ နှစ်စဉ်ကျရောက်လေ့ရှိသော "ရွှေရောင်သီတင်းပတ်" အနည်းငယ်ထဲတွင် တစ်ခုအပါအဝင်ဖြစ်ကာ အောက်တိုဘာ ၁ ရက်မှ ၇ ရက်အထိ ကြာမြင့်သော အမျိုးသားနေ့ အားလပ်ရက်ကာလအတွင်း ဒေသဖြတ်ကျော် ခရီးသွားလာသည့် ခရီးစဉ်ပေါင်း ၂.၁၃ ဘီလီယံရှိနိုင်ပြီး ပျမ်းမျှအားဖြင့် တစ်ရက်လျှင် သန်း ၃၀၀ ရှိနိုင်မည်ဟု အာဏာပိုင်များက ခန့်မှန်းထားသည်။

အဓိက ဝန်ဆောင်မှုလုပ်ငန်း ပလက်ဖောင်းဖြစ်သော Meituan ၏ အချက်အလက်များအရ အားလပ်ရက်ကာလအတွင်း လေးညမှ ခြောက်ညအထိ တည်းခိုနေထိုင်ရန် စက်တင်ဘာ ၂၈ ရက်အထိ ကြိုတင်ဘွတ်ကင်တင်မှုများသည် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ခရိုင်အဆင့် ခရီးစဉ်ဒေသများ၏ အလွန်အားကောင်းသော တိုးတက်မှုကို ပြသခဲ့သည်။

နိုင်ငံတစ်ဝန်းရှိ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ တာဝန်ရှိသူများက ခရီးသွားများအားဆွဲဆောင်ရန် အားကစားပွဲများ၊ ယဉ်ကျေးမှုဆိုင်ရာ အမှတ်တံဆိပ်များ၊ တိုင်းရင်းသား ရိုးရာဓလေ့များနှင့် ထင်ရှားသော သဘာဝရှုမျှော်ခင်းများကို အသုံးပြု၍ ဆန်းသစ်ဖန်တီးထားသော အစီအမံများစွာကို မိတ်ဆက်ခဲ့သည်။

လိုအပ်ချက်အမျိုးမျိုးအတွက် ခရီးစဉ်ဒေသများ

ကျင်းဆန်းမြို့သည် နှစ် ၄၀ ကျော်တိုင်တိုင် တင်းနစ်အားကစား ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် ခရိုင်အဆင့် မြို့တစ်မြို့ဖြစ်ကာ တရုတ်နိုင်ငံ၏ "တင်းနစ်မွေးရပ်မြေ" အဖြစ် လူသိများသည်။

အမျိုးသားနေ့ အားလပ်ရက်ကာလအတွင်း ခရီးသွားလုပ်ငန်း မြှင့်တင်ရန်အတွက် ဒေသန္တရ အာဏာပိုင်များက ပြိုင်ပွဲကာလအတွင်း ပြိုင်ပွဲလက်မှတ်ကိုင်ဆောင်သူများအား ဒေသတွင်းဈေးဆိုင် ၁၀၀ ကျော်တွင် လျှော့စျေးဖြင့် ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ကုန်သည်များအနေဖြင့်လည်း အားလပ်ရက်ခရီးသွားလာမှု တစ်ဟုန်ထိုးမြင့်တက်လာမှုကြောင့် အကျိုးအမြတ်များရရှိခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261007/d171d0e4d1314f2697f0e0d195678952/c.html

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် Ruicheng မြို့ရှိ Yongle Palace ရှုခင်းသာနေရာ၌ နံရံဆေးရေးပန်းချီ ပုံတူရေးဆွဲမှုကို လေ့လာနေသည့် ခရီးသွားဧည့်သည်များအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် Ruicheng မြို့ရှိ Yongle Palace ရှုခင်းသာနေရာ၌ နံရံဆေးရေးပန်းချီ ပုံတူရေးဆွဲမှုကို လေ့လာနေသည့် ခရီးသွားဧည့်သည်များအား ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

..................................

(English Version)

Xinhua Headlines: Small counties, big appeal: China's "golden week" fuels diverse getaways

BEIJING, Oct. 7 (Xinhua) -- While tourism in China has traditionally been associated with breathtaking landscapes and photo opportunities, Wang Xin (pseudonym) opted for a different kind of National Day holiday this year: watching tennis.

Well before the vacation she had purchased tickets for the Jingshan Tennis Open in central China's Hubei Province.

A resident of Dongguan in Guangdong Province, about 1,000 kilometers away, she first learned about Jingshan because of the tournament. "I want to watch matches featuring several young WTA (Women's Tennis Association) and ATP (Association of Tennis Professionals) players up close," said the tennis enthusiast.

She planned to spend three days watching the matches and the remaining four days exploring the county-level city, taking in its scenic mountains, valleys, and forests.

During this National Day holiday from Oct. 1 to 7, one of China's few annual "golden weeks," authorities had projected 2.13 billion cross-regional passenger trips, averaging 300 million a day.

Data from Meituan, a major services platform, showed homestay bookings for four-to-six-night stays during the holiday rose 24 percent year on year as of Sept. 28, with county-level destinations posting particularly strong growth.

Cultural and tourism authorities nationwide have introduced a range of creative initiatives to attract visitors, drawing on sports events, cultural IPs, ethnic traditions and distinctive natural landscapes.

DESTINATIONS FOR DIVERSE DEMANDS

Jingshan, a county-level city where tennis has been developing for more than 40 years, is known as China's "hometown of tennis."

To boost tourism during the National Day holiday, local authorities announced that during the tournament period, a match ticket would entitle holders to discounts at over 100 local businesses. Merchants have also benefited from the holiday travel surge.

https://english.news.cn/20261007/d171d0e4d1314f2697f0e0d195678952/c.html

Photo caption 1: People enjoy a match during the Jingshan Tennis Open in Jingshan, central China's Hubei Province, Oct. 4, 2026. (Photo by Lei Yixin/Xinhua)

Photo caption 2: Visitors are seen during a study tour for mural copying at the Yongle Palace scenic area in Ruicheng, north China's Shanxi Province, Oct. 2, 2026. (Photo by Guo Song/Xinhua)