
ကိဗ်၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံသည် “အမေရိကန်နိုင်ငံ၏ တရားမျှတသောထောက်ခံအားပေးမှုကို မျှော်လင့်ထား” ကြောင်း၊ ရုရှားနိုင်ငံက ရေနံထုတ်ကုန်များကို ရောင်းချခွင့်ပြုခြင်းသည် “စစ်ပွဲကို ရင်းနှီးမြှုပ်နှံခြင်း” ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီးက အောက်တိုဘာ ၉ ရက်တွင် ရုရှားသမ္မတ ပူတင်နှင့် အမေရိကန်သမ္မတ ထရမ့်တို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးပြီးနောက် ယင်းနှင့် စပ်လျဉ်း၍ လူမှုမီဒီယာ၌ ပို့စ်ရေးသားဖော်ပြခဲ့သည်။
အောက်တိုဘာ ၉ ရက်တွင် ထရမ့်နှင့် တယ်လီဖုန်းပြောဆိုစဉ် ရုရှားဘက်က အမေရိကန်နှင့် ကမ္ဘာ့ဈေးကွက်သို့ ရေနံနှင့် ရေနံထုတ်ကုန်များကို ထောက်ပံ့ပေးရန် အတည်ပြုခဲ့ကြောင်း ပူတင်က ထိုနေ့ ညပိုင်းတွင် သမ္မတရုံး တရားဝင်ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထိုနေ့တွင်ပင် ထရမ့်ကလည်း အမေရိကန်-ရုရှား ခေါင်းဆောင်များသည် ရုရှားနိုင်ငံက အမေရိကန်နှင့် ကမ္ဘာ့ဈေးကွက်သို့ ဒီဇယ်လောင်စာ ထောက်ပံ့ပေးရေးနှင့် ပတ်သက်၍ သဘောတူညီမှုရရှိခဲ့ကြောင်း ကြေညာခဲ့သည်။
ဇယ်လန်းစကီးက ၎င်း၏ ပို့စ်တွင် အမေရိကန်လွှတ်တော်မှ ပါတီနှစ်ရပ် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် ထိုနေ့တွင် ယူကရိန်းမြို့တော် ကိဗ်သို့ လာရောက်လည်ပတ်ခဲ့ပြီး ၎င်းတို့က လက်ရှိပဋိပက္ခကို မည်သို့အဆုံးသတ်ရမည်ကို ဆွေးနွေးနေကြကြောင်း ဖော်ပြခဲ့သည်။ ရုရှားနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန်နှင့် ယူကရိန်းနိုင်ငံကို အကူအညီပေးရန် မဖြစ်မနေ လိုအပ်ကြောင်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။ သို့သော် အမေရိကန်-ရုရှားခေါင်းဆောင်နှစ်ဦး၏ တယ်လီဖုန်းပြောဆိုမှုမှာ မတူညီသောရလဒ်ဆီသို့ ဦးတည်သွားခဲ့သည်ဟု ၎င်းက ဆိုသည်။
ဇယ်လန်းစကီးက “အမေရိကန်နိုင်ငံအနေဖြင့် တရားမျှတသော ထောက်ခံအားပေးမှုပြုလိမ့်မည်ဟု မျှော်လင့်ထားသည်” ဟု ပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် “ပျော့ညံ့သော သဘောထားမျိုးမဟုတ်ဘဲ တင်းမာပြတ်သားသော သဘောထားဖြင့်” ဆွေးနွေးမှုများ ပြုလုပ်စေလိုကြောင်း ဖော်ပြခဲ့သည်။ (Xinhua)
...............................
(Chinese Version)
泽连斯基就俄美领导人通话发声 称应抵制俄石油
新华社基辅10月9日电 俄罗斯总统普京与美国总统特朗普9日通话后,乌克兰总统泽连斯基就此在社交媒体发文称,乌方“指望美国给予公平支持”,允许俄罗斯出售石油产品“就是在投资战争”。
普京9日晚通过总统官网发布声明说,当天在同特朗普通话中,俄确认将向美国和全球市场提供石油和石油产品。特朗普当天也宣布,美俄领导人就俄向美国及全球市场提供柴油达成一致。
泽连斯基在帖文中说,美国国会一个两党代表团当天正在乌首都基辅访问,他们谈及如何结束当前冲突。泽连斯基称,必须对俄实施制裁、对乌进行援助,但美俄两国领导人的通话却“走向不一样的结果”。
泽连斯基称“指望美国给予公平支持”,并希望美国同俄罗斯进行“强硬而非软弱”的对话。(完)
图说:2月14日,在德国慕尼黑,乌克兰总统泽连斯基在慕尼黑安全会议上发表讲话。新华社记者 李颖 摄








