
ကာနေလ်ခရီလ်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)
Mission Harmony-2026 မစ်ရှင်ထမ်းဆောင်လျက်ရှိသော တရုတ်နိုင်ငံရေတပ်၏ “Auspicious Ark” ဆေးရုံသင်္ဘောသည် ဒေသစံတော်ချိန် အောက်တိုဘာ ၁၀ ရက်တွင် ဂီနီနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်မှု ပြီးစီး၍ ကာနေလ်ခရီလ်ဆိပ်ကမ်းမှ ထွက်ခွာသွားခဲ့သည်။
အောက်တိုဘာ ၃ ရက်တွင် ဂီနီနိုင်ငံ မြို့တော်ကာနေလ်ခရီလ်သို့ ရောက်ရှိလာပြီးနောက် အဆိုပါဆေးရုံသင်္ဘောသည် ဒေသခံပြည်သူများအတွက် ဆေးကုသရေးဆိုင်ရာ ဝန်ဆောင်မှုများ ပံ့ပိုးပေးခဲ့ပြီး အတွင်းတိမ်ခွဲစိတ်ကုသ၍ အမြင်အာရုံ ပြန်လည်ရရှိမှု၊ အကြီးစား အဆီအကျိတ်များ ဖြတ်တောက်မှု စသည့် ခွဲစိတ်ကုသမှုများစွာ အောင်မြင်စွာ လုပ်ဆောင်ခဲ့သည်။ ထို့ပြင် ဆေးကုသရေးလေ့ကျင့်မှု အဖွဲ့ခွဲများကို တရုတ်-ဂီနီ ချစ်ကြည်ရေးဆေးရုံသို့ စေလွှတ်၍ ဖလှယ်မှုလုပ်ဆောင်ခြင်း၊ လှည့်လည်ကုသရေး အဖွဲ့ခွဲများ စခန်းအချို့သို့ စေလွှတ်၍ ဆေးကုသရေး ဝန်ဆောင်မှု လုပ်ဆောင်ပေးခြင်းတို့က ဂီနီနိုင်ငံ လူမှုအသိုက်အဝန်း နယ်ပယ်အသီးသီး၏ ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးမှု ရရှိခဲ့သည်။
ခရီးစဉ် သွားရောက်သည့်ကာလအတွင်း တာဝန်ကျတပ်ဖွဲ့က ကုန်းပတ်ဧည့်ခံပွဲ ကျင်းပခဲ့သလို အရာရှိစစ်သည်ကိုယ်စားလှယ်များက ကာနေလ်ခရီလ် ကွန်ဖြူးရှပ်စာသင်ကျောင်းသို့ သွားရောက်၍ ယဉ်ကျေးမှုဖလှယ်ရေး လှုပ်ရှားမှုများလည်း လုပ်ဆောင်ခဲ့သည်။ တရုတ်-ဂီနီ အရာရှိစစ်သည်များက ဘတ်စ်ကတ်ဘော ချစ်ကြည်ရေးပြိုင်ပွဲလည်း ကျင်းပခဲ့ပြီး နားလည်မှုများ မြှင့်တင်ကာ ချစ်ကြည်ရင်းနှီးမှုများ နက်ရှိုင်းစေခဲ့သည်။
ဂီနီနိုင်ငံ အစိုးရနှင့် တပ်မတော်ကလည်း တရုတ်ရေတပ် ဆေးရုံသင်္ဘော ဂီနီနိုင်ငံသို့ ပထမဆုံးအကြိမ် ခရီးစဉ်လာရောက်မှုကို များစွာအလေးထားပြီး ဂီနီနိုင်ငံ ဝန်ကြီးချုပ် Amadou Oury Bah က ဆေးရုံသင်္ဘောပေါ် တက်ရောက်လှည့်လည်ကြည့်ရှုခဲ့သည်။ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး စသည့် တပ်မတော်နှင့် အစိုးရ အထင်ကရပုဂ္ဂိုလ်များက ဆက်တိုက်ဆိုသလို သင်္ဘောပေါ်တက်ရောက်၍ သက်ဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်တက်ရောက်ခဲ့သည်။
ဆေးရုံသင်္ဘောဆိပ်ကမ်းမှ ထွက်ခွာစဉ်တွင် ဂီနီနိုင်ငံက ဆိပ်ကမ်း၌ နှုတ်ဆက်အခမ်းအနား ကျင်းပခဲ့ရာ အဆိုပါအခန်းအနားသို့ ဂီနီနိုင်ငံ တပ်မတော်နှင့် အစိုးရ အထင်ကရပုဂ္ဂိုလ်များ၊ ဂီနီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံးဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ ပြည်ပရောက် တရုတ်နိုင်ငံသားများနှင့် တရုတ်ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)
---------------------
(Chinese Version)
中国海军“吉祥方舟”号医院船结束访问几内亚
新华社科纳克里10月11日电(张淦 周建龙)执行“和谐使命-2026”任务的中国海军“吉祥方舟”号医院船10日结束对几内亚的友好访问,离开科纳克里港。
自3日抵达几内亚首都科纳克里以来,医院船持续为当地民众提供医疗服务,成功实施多例白内障复明、巨大脂肪瘤切除等手术,派出医疗培训分队赴中几友好医院开展交流,派出巡诊分队赴某营地提供医疗服务,赢得几内亚社会各界的广泛赞誉。
访问期间,任务部队举行甲板招待会,组织官兵代表赴科纳克里大学孔子学院开展文化交流活动。中几官兵还开展了篮球友谊赛,进一步增进了解、加深友谊。
几内亚政府和军队高度重视中国海军医院船首次访几,几内亚总理乌里·巴登上医院船参观,并出席甲板招待会;国防部长、外交部长等军政要员先后登船参加相关活动。
医院船离港时,几方在码头举行欢送仪式。几内亚军政要员,中国驻几内亚大使、武官和使馆工作人员,当地民众、华侨和中资机构代表等到码头送行。(完)
图说:这是9月19日日出时分拍摄的靠泊在毛里塔尼亚努瓦克肖特友谊港的中国海军“吉祥方舟”号医院船(无人机照片)。新华社记者 谢剑飞 摄








