ဝါရှင်တန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ထရမ့်၏ ယူကရိန်းနိုင်ငံ သမ္မတ ပြောင်းသင့်သည် ဟူသော ပြောဆိုချက်နှင့် စပ်လျဉ်း၍ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ယူကရိန်းနိုင်ငံအနေဖြင့် မည်သည့်အကြီးအကဲအား ရွေးချယ်ရမည်ကို ၎င်း၏လူမှုအသိုက်အဝန်းနှင့် ပြည်သူများကသာ ဆုံးဖြတ်သင့်ကြောင်း အောက်တိုဘာ ၁၁ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။
ဇယ်လန်းစကီးက အမေရိကန် ABC သတင်းဌာန၏ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ “သမ္မတ ထရမ့်က ယူကရိန်းနိုင်ငံဟာ သမ္မတ အသစ်တစ်ယောက် လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။ ကျွန်တော် တဲ့တိုးပြောရမယ်ဆို သမ္မတ ထရမ့် ခင်ဗျား ဘယ်အကြီးအကဲကို ရွေးချယ်ရမလဲဆိုတာ ကျွန်တော်တို့ လူမှုအသိုက်အဝန်း၊ ကျွန်တော်တို့ရဲ့ ပြည်သူတွေက ဆုံးဖြတ်ရမှာပါ” ဟု ဆိုခဲ့သည်။
ယူကရိန်းသည် စစ်ပွဲအခြေအနေအတွင်း ဝင်ရောက်နေကြောင်း၊ လက်ရှိတွင် ရွေးကောက်ပွဲ ကျင်းပခြင်းသည် “အလွန်ခက်ခဲ” သည့်အပြင် ဘေးကင်းလုံခြုံမှုမရှိ၊ ယူကရိန်းနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်လည်း မကိုက်ညီကြောင်း၊ “အရေးကြီးဆုံးက ပြည်သူတွေ မဲပေးနိုင်ဖို့အတွက် လုံခြုံရေးဆိုင်ရာ အာမခံချက်ပေးနိုင်တဲ့ အခြေခံအဆောက်အဦ လိုအပ်ပါတယ်” ဟုလည်း ဇယ်လန်းစကီးက ဆိုခဲ့သည်။
ရုရှားက ရက် ၆၀ ဘက်စုံအပစ်ရပ်မှုကို ဖော်ဆောင်ရန် သဘောတူညီပါက ယူကရိန်းအနေဖြင့် ရွေးကောက်ပွဲ ကျင်းပနိုင်သည်ကို မိမိအနေဖြင့် ထရမ့်အဖွဲ့အား အသိပေးပြီးဖြစ်ကြောင်းလည်း ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
ထရမ့်က အောက်တိုဘာ ၁၀ ရက်တွင် “ယူကရိန်းက သမ္မတ လဲသင့်တယ်” ဟု ဆိုပြီး ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ပဋိပက္ခအဆုံးသတ်မှုကဏ္ဍ၌ လုပ်ဆောင်ချက်များ မလုံလောက်သေးဟု ရည်ရွယ် ပြောကြားခဲ့ကာ တစ်ချိန်တည်းတွင် ဇယ်လန်းစကီးကြောင့် အမေရိကန် ဒီဇယ်ဈေးနှုန်း မြင့်တက်ရသည်ဟုလည်း ပြစ်တင်ပြောကြားခဲ့သည်။ ယူကရိန်းက သမ္မတ ရွေးကောက်ပွဲ ကျင်းပရန်လည်း ထရမ့်က တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
泽连斯基回应特朗普:乌克兰领导人应由乌人民决定
新华社华盛顿10月11日电 乌克兰总统泽连斯基11日就美国总统特朗普有关乌克兰换总统的言论回应说,乌克兰选择哪位领导人应由其社会和人民决定。
泽连斯基在接受美国广播公司采访时说:“特朗普总统说乌克兰需要一位新总统。恕我直言,特朗普总统,选择哪位领导人,应由我们的社会、我们的人民决定。”
泽连斯基称,乌克兰处于战争状态,现在举行选举“真的很难”,且不安全,也不符合乌克兰宪法。“最关键的是,要有安全保障的基础设施,让民众有可能投票。”
泽连斯基还说,自己已告知特朗普团队,如果俄罗斯同意实行60天的全面停火,乌克兰可以举行选举。
特朗普10日表示“乌克兰应该换个总统”,暗示乌总统泽连斯基在结束冲突方面做得不够,同时指责泽连斯基导致美国柴油价格上涨。特朗普还敦促乌克兰举行总统选举。(完)








