တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် ၂၆ ကြိမ်မြောက် တရုတ်နိုင်ငံတကာ စက်မှုကုန်စည်ပြပွဲ (CIIF) သို့ လာရောက်လည်ပတ်သူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် ၂၆ ကြိမ်မြောက် တရုတ်နိုင်ငံတကာ စက်မှုကုန်စည်ပြပွဲ (CIIF) သို့ လာရောက်လည်ပတ်သူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ)

“စမတ်စီးပွားရေး၊ နယ်စည်းမခြား စမတ်ထုတ်လုပ်မှု” ဟူသော ဆောင်ပုဒ်ဖြင့် ၂၆ ကြိမ်မြောက် တရုတ်နိုင်ငံတကာ စက်မှုကုန်စည်ပြပွဲကို အောက်တိုဘာ ၁၂ ရက်တွင် ရှန်ဟိုင်းမြို့၌ ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားတွင် 'ရှန်ဟိုင်းမြို့တော် မျိုးဆက်သစ် စမတ်ထုတ်လုပ်မှုစနစ် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်' ကို စတင်လိုက်ပြီး မျိုးဆက်သစ် စမတ်ထုတ်လုပ်ရေးစနစ် တည်ဆောက်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

မကြာသေးမီနှစ်များအတွင်း ရှန်ဟိုင်းမြို့သည် 'စမတ်စက်ရုံ လမ်းညွှန်ချက် စီမံကိန်း' နှင့် 'AI + ကုန်ထုတ်လုပ်မှု' စသည့် စီမံချက်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ စမတ်ထုတ်လုပ်မှုစနစ်၏ တီထွင်ဖန်တီးနိုင်စွမ်းနှင့် လက်တွေ့အသုံးပြုမှုအဆင့်ကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ခဲ့ကြောင်း အဆိုပါအစည်းအဝေးမှ သိရသည်။

အဆိုပါ အခြေခံအုတ်မြစ်များအပေါ် အခြေပြု၍ ရှန်ဟိုင်းမြို့သည် မျိုးဆက်သစ် စမတ်ထုတ်လုပ်မှုစနစ် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့မှုစွမ်းရည်၊ ပေါင်းစပ်တီထွင်မှု၊ စက်ရုံများ တည်ဆောက်ရေးနှင့် စက်မှုဆိုင်ရာ ဂေဟစနစ် စသည့် ကဏ္ဍ ၄ ခုမှ အတူတကွ ဟန်ချက်ညီညီ တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ စီမံချက်အရ ၂၀၂၈ ခုနှစ်သို့ ရောက်ရှိချိန်တွင် ရှန်ဟိုင်းမြို့သည် အဆင့်မြင့် စမတ်စက်ရုံပေါင်း ၅၀၀ ကို မွေးထုတ်ပေးမည်ဖြစ်ပြီး စက်မှုထုတ်လုပ်ရေးတွင် AI နည်းပညာ လက်တွေ့အသုံးပြုသည့် ကဏ္ဍပေါင်း ၂,၀၀၀ အထိ ကျော်လွန် ရောက်ရှိမည် ဖြစ်သည်။ ထို့ပြင် အဆင့်မြင့်ပြီး လက်တွေ့အသုံးချနိုင်သော သီးသန့်နယ်ပယ်သုံး AI မော်ဒယ်ကြီး ၁၀ ခုကို ဖော်ထုတ်ရန်၊ အဆင့်မြင့် AI စနစ် ၃၀၀ ကို မိတ်ဆက်ထုတ်ဖော်ရန်နှင့် မျိုးဆက်သစ် စမတ်ထုတ်လုပ်ရေး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် ခေတ်မီ အခြေခံအဆောက်အအုံသစ်များကို တည်ဆောက်သွားမည် ဖြစ်သည်။

ထို့ပြင် ရှန်ဟိုင်းမြို့သည် စက်မှုလုပ်ငန်းသုံး စက်ရုပ်များ အသုံးပြုမှု အချိုးအစားကို အလုပ်သမား ၁ သောင်းလျှင် စက်ရုပ် ၆၀၀ အထိ ရောက်ရှိအောင် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး AI နည်းပညာဖြင့် အဆင့်မြှင့်တင်ပေးထားသော ခေတ်မီ စမတ်ထုတ်လုပ်မှု စက်ပစ္စည်း လုပ်ငန်းကဏ္ဍ၏ တန်ဖိုး ပမာဏကို ယွမ် ဘီလီယံ ၂၀၀ ကျော်ထိ ရောက်ရှိအောင် ဆောင်ရွက်သွားမည် ဖြစ်သည်။

ယခုအကြိမ် စက်မှုကုန်စည်ပြပွဲကြီး၏ ပြခန်းဧရိယာမှာ စတုရန်းမီတာ ၃၁၀,၀၀၀ ရှိပြီး နိုင်ငံနှင့် ဒေသ ၂၄ ခုမှ ပြခန်းပေါင်း ၃,၂၀၀ ကျော် ပါဝင်ပြသထားကာ ပထမဆုံးအကြိမ် မိတ်ဆက်ပြသသည့် ထုတ်ကုန်နှင့် နည်းပညာသစ်ပေါင်း ၃၀၀ နီးပါးကို စုစည်းပြသထားသည်။

ပထမရက် ဖွင့်ပွဲအခမ်းအနားအပြင် အောက်တိုဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ပင်မပြခန်းဇုန် ၁၀ ခု၊ လုပ်ငန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲ ၁၂ ခုတို့အပြင် ထုတ်ကုန်သစ် မိတ်ဆက်ပွဲများ၊ စီးပွားရေး ချိတ်ဆက်ပွဲများနှင့် ရင်းနှီးမြှုပ်နှံမှု မိတ်ဆက်ပွဲများ စသည့် လှုပ်ရှားမှုပေါင်း ၁၀၀ ကျော်ကိုလည်း ကျင်းပသွားမည် ဖြစ်သည်။ (Xinhua)

------------------------------------------

(Chinese Version)

上海启动加快发展新一代智能制造行动

新华社上海10月12日电(记者龚雯)12日,以“智能经济 智造无界”为主题的第二十六届中国国际工业博览会在上海开幕。开幕式上,“上海市加快发展新一代智能制造行动”启动,加快构建新一代智能制造体系。

记者从会上获悉,近年来,上海系统实施智能工厂领航计划、“AI+制造”等行动,持续提升智能制造创新能力和应用水平。在此基础上,上海加快发展新一代智能制造,将从供给能力、融合创新、工厂建设和产业生态四个方面协同推进。

根据行动,到2028年,上海将培育500家先进级智能工厂,人工智能在制造业应用场景突破2000个,开发10个先进适用的垂域大模型,推出300个高水平智能体,建成满足新一代智能制造需求的新型基础设施。此外,上海将推动工业机器人密度达到每万人600台,推动人工智能赋能的新型智能制造装备产业规模突破2000亿元。

本届工博会展览面积31万平方米,来自24个国家和地区的3200多家参展商参展,近300项首发首秀展品集中亮相。

除了首日开幕式,10月12日至16日还会举办10大主题展区、12场行业论坛及百余场新品发布、供需对接、投融资路演等活动。

Photo Caption :People visit the 26th China International Industry Fair (CIIF) in east China's Shanghai, Oct. 12, 2026. (Xinhua/Fang Zhe)