တူကီယဲနိုင်ငံ အန်ကာရာမြို့တွင် တူကီယဲနိုင်ငံသမ္မတ အာဒိုဂန် (ဝဲဘက်) နှင့် အမေရိကန်နိုင်ငံသမ္မတ ထရမ့်တို့      ၂၀၂၆ ခုနှစ် ဇူလိုင် ၇ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)
တူကီယဲနိုင်ငံ အန်ကာရာမြို့တွင် တူကီယဲနိုင်ငံသမ္မတ အာဒိုဂန် (ဝဲဘက်) နှင့် အမေရိကန်နိုင်ငံသမ္မတ ထရမ့်တို့ ၂၀၂၆ ခုနှစ် ဇူလိုင် ၇ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်သမ္မတ ထရမ့်က တူကီယဲနိုင်ငံကို ဆော်ဒီအာရေဗျနိုင်ငံက ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် တိုက်ခိုက်ရေး လှုပ်ရှားမှု၌ ပါဝင်ရန် တောင်းဆိုနိုင်ကြောင်း အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာ CBS ၏ ထိုနေ့သတင်းဖော်ပြချက်အရ သိရသည်။

ထိုနေ့တွင် အိမ်ဖြူတော်၌ တူကီယဲနိုင်ငံအား လှုပ်ရှားမှုတွင် ပါဝင်ရန် တောင်းဆိုနိုင်ခြေ ရှိ၊ မရှိ မေးမြန်းချက်အပေါ် ထရမ့်က “ကျွန်တော် ဒီလိုလုပ်နိုင်ခြေရှိပါတယ်။ ကျွန်တော် တူကီယဲသမ္မတကို အလွန်လေးစားပါတယ်။ သမ္မတအာဒိုဂန်က အဲဒီအတိုင်းလုပ်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု သည်။

ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့နှင့် ဆော်ဒီဦးဆောင်သော နိုင်ငံစုံညွန့်ပေါင်းတပ်ဖွဲ့သည် လတ်တလောရက်များအတွင်း အဆက်မပြတ် အပြန်အလှန် တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည်။ အောက်တိုဘာ ၁၀ ရက်တွင် ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယတ်ရှိ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ် terminal အဆောက်အဦအား တိုက်ခိုက်ခံခဲ့ရာ လူ ၁၂ ဦး သေဆုံး၍ ၃၀၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ထရမ့်က အမေရိကန်အနေဖြင့် ဆော်ဒီအာရေဗျ၏ ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် တိုက်ခိုက်ရေးလှုပ်ရှားမှုအား ပါဝင်သင့်၊ မသင့် အကဲဖြတ်လျက်ရှိကြောင်း၊ “အမြန်ဆုံး ဆုံးဖြတ်ချက် လုပ်ဆောင်သွားမည်” ဖြစ်ကြောင်း အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

ဆော်ဒီ၊ တူကီယဲနှင့် ပါကစ္စတန်တို့သည် ဩဂုတ်လတွင် “မက္ကာ ဘုံကာကွယ်ရေး သဘောတူညီချက်” အား လက်မှတ်ရေးထိုးခဲ့သည်။ သဘောတူညီချက် သတ်မှတ်ချက်များအရ သုံးနိုင်ငံအတွင်းရှိ မည်သည့်နိုင်ငံအပေါ် လက်နက်ကိုင် တိုက်ခိုက်မှုကိုမဆို သုံးနိုင်ငံလုံးအား တိုက်ခိုက်မှုအဖြစ် ရှုမြင်သွားမည်ဖြစ်သည်။ (Xinhua)

---------------------

(Chinese Version)

特朗普称或要求土耳其参与打击胡塞武装

新华社华盛顿10月13日电 据美国哥伦比亚广播公司13日报道,美国总统特朗普当天表示,可能会要求土耳其加入沙特阿拉伯对也门胡塞武装的打击行动。  

当天在白宫被问及是否会要求土耳其加入行动时,特朗普称,“我可能会这么做,我非常尊重土耳其总统,我认为埃尔多安总统会照做。”  

也门胡塞武装同沙特主导的多国联军近日持续相互袭击。10日,位于沙特首都利雅得的哈立德国王国际机场航站楼遭袭,造成12人死亡、309人受伤。特朗普10日表示,正在评估美国是否应该加入沙特对胡塞武装的打击行动,将“尽快做出决定”。  

沙特、土耳其和巴基斯坦8月签署了《麦加共同防务协议》。协议规定,对三国中任何一国的武装攻击将被视为对三国全体的攻击。(完)

图说:7月7日,土耳其总统埃尔多安(左)在安卡拉会见美国总统特朗普。新华社发(穆斯塔法·卡亚摄)