ရုရှားနိုင်ငံ Chelyabinsk မြို့ရှိ ဗစ်တိုးရီးယားဥယျာဉ်၏ မြင်ကွင်းတစ်ခုကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရုရှားနိုင်ငံ Chelyabinsk မြို့ရှိ ဗစ်တိုးရီးယားဥယျာဉ်၏ မြင်ကွင်းတစ်ခုကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗလာဒီဗော့စတော့ခ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပူးပေါင်း၍ တပ်ဖွဲ့စုံ ပါဝင်သည့် ရုရှား-အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို Chelyabinsk မြို့နှင့် ရုရှားနိုင်ငံ အရှေ့ဖျားဒေသတို့တွင် စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၄ ရက်၌ ပြောကြားခဲ့သည်။

Indra-2026 စစ်ရေးလေ့ကျင့်မှု၏ မြေပြင်လေ့ကျင့်မှုအဆင့်ကို အောက်တိုဘာ ၂၃ ရက်အထိ Chelyabinsk မြို့တွင် ပြုလုပ်သွားမည်ဖြစ်ပြီး ရေကြောင်းလေ့ကျင့်မှုအဆင့်ကိုမူ အောက်တိုဘာ ၁၆ ရက်မှ ၁၇ ရက်အထိ ဂျပန်ပင်လယ်ရေပြင်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ စစ်ရေးနည်းဗျူဟာဆိုင်ရာ လှုပ်ရှားမှုများ၊ အမြောက်တပ်ဖွဲ့ ပစ်ခတ်လေ့ကျင့်မှုများနှင့် ဖမ်းဆီးထိန်းသိမ်းခံရသော သင်္ဘောများကို ကယ်ဆယ်သည့် ပုံစံတူလေ့ကျင့်ခန်းများကိုလည်း လေ့ကျင့်ရန် စီစဉ်ထားသည်။

ရေကြောင်းလေ့ကျင့်မှုအဆင့်တွင် ပါဝင်မည့် အိန္ဒိယရေတပ်မှ ဖရီးဂိတ်စစ်သင်္ဘော "Sahyadri" သည် အောက်တိုဘာ ၁၀ ရက်၌ ဗလာဒီဗော့စတော့ခ်ဆိပ်ကမ်းသို့ ရောက်ရှိနေခဲ့ပြီဟု ရုရှားပစိဖိတ်ရေတပ်က အောက်တိုဘာ ၁၅ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

အိန္ဒိယနိုင်ငံ Rajasthan ပြည်နယ် Thar သဲကန္တာရရှိ အိန္ဒိယ-ပါကစ္စတန်နယ်စပ်အနီး Mahajan ကွင်းပြင် သေနတ်ပစ်ကွင်း၌ အကြမ်းဖက်တိုက်ဖျက်မှုစစ်ဆင်ရေးစွမ်းရည် တိုးတက်စေရန် ရုရှား-အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်မှု "INDRA 2013" တွင် ပါဝင်လေ့ကျင့်နေသည့် ရုရှားတပ်မတော်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ Rajasthan ပြည်နယ် Thar သဲကန္တာရရှိ အိန္ဒိယ-ပါကစ္စတန်နယ်စပ်အနီး Mahajan ကွင်းပြင် သေနတ်ပစ်ကွင်း၌ အကြမ်းဖက်တိုက်ဖျက်မှုစစ်ဆင်ရေးစွမ်းရည် တိုးတက်စေရန် ရုရှား-အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်မှု "INDRA 2013" တွင် ပါဝင်လေ့ကျင့်နေသည့် ရုရှားတပ်မတော်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

..........................................

(English Version)

Russia, India carry out joint military drills

VLADIVOSTOK, Oct. 15 (Xinhua) -- A joint Russian-Indian exercise involving various military branches has kicked off in the Chelyabinsk Region and the Russian Far East, the Russian Defense Ministry said on Wednesday.

The ground phase of the Indra-2026 drills will take place in the Chelyabinsk Region until Oct. 23, said the ministry, adding that the maritime phase will take place on Oct. 16-17 in the waters of the Sea of Japan. Tactical maneuvering, artillery firings and simulated rescue of seized vessels were also planned.

The Indian frigate "Sahyadri", which will participate in the maritime phase, had arrived at the port of Vladivostok on Oct. 10, the Russian Pacific Fleet said on Thursday. ■

Photo caption 1: This photo taken on July 16, 2026 shows a view of Victory Park in Chelyabinsk, Russia. (Xinhua/Feng Kaihua)

Photo caption 2: Russian military take part in the Indo-Russian joint military exercise "INDRA 2013", to improve capabilities for carrying out anti-terrorist operations at Mahajan field firing range near India-Pakistan border in Thar desert of Rajasthan on Oct. 20, 2013. (Xinhua)