တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် ကျင်းပသည့် ကွမ်ကျိုးကုန်စည်ပြပွဲဟုလည်း လူသိများသော ၁၄၀ ကြိမ်မြောက် တရုတ်နိုင်ငံ သွင်းကုန်နှင့်ပို့ကုန် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ အဓိကမိန့်ခွန်း ပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့တွင် ကျင်းပသည့် ကွမ်ကျိုးကုန်စည်ပြပွဲဟုလည်း လူသိများသော ၁၄၀ ကြိမ်မြောက် တရုတ်နိုင်ငံ သွင်းကုန်နှင့်ပို့ကုန် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ အဓိကမိန့်ခွန်း ပြောကြားနေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် ဥဇဘက်ကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Abdulla Aripov ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ဥဇဘက်ကစ္စတန်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၅ ရက်၌ ကြေညာခဲ့သည်။

ထို့ပြင် ဝန်ကြီးချုပ် လီသည် တာဂျစ်ကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Kokhir Rasulzoda ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၁၈ ရက်မှ ၂၀ ရက်အထိ တာဂျစ်ကစ္စတန်နိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ပြီး ၂၅ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစိုးရအဖွဲ့အကြီးအကဲများ (ဝန်ကြီးချုပ်များ) ကောင်စီ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ထို့အပြင် ဝန်ကြီးချုပ် လီက တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ အစိုးရအဖွဲ့အကြီးအကဲများအကြား ကျင်းပမည့် ၃၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွက် ရုရှားနိုင်ငံ ဝန်ကြီးချုပ် Mikhail Mishustin ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ရုရှားနိုင်ငံသို့လည်း သွားရောက်မည်ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

...........................

(English Version)

Chinese premier to visit Uzbekistan, Tajikistan, attend meetings in Tajikistan, Russia

BEIJING, Oct. 15 (Xinhua) -- At the invitation of Prime Minister of the Republic of Uzbekistan Abdulla Aripov, Chinese Premier Li Qiang will pay an official visit to Uzbekistan from Oct. 17 to 18, a foreign ministry spokesperson announced on Thursday.

At the invitation of Prime Minister of the Republic of Tajikistan Kokhir Rasulzoda, Li will pay an official visit to Tajikistan from Oct. 18 to 20 and attend the 25th meeting of the Council of Heads of Government (Prime Ministers) of the Shanghai Cooperation Organization, said the spokesperson.

At the invitation of Prime Minister of the Russian Federation Mikhail Mishustin, Li will travel to Russia from Oct. 20 to 22 for the 31st regular meeting between Chinese and Russian heads of government, according to the spokesperson. ■

Photo caption: Chinese Premier Li Qiang delivers a keynote speech at the opening ceremony of the 140th China Import and Export Fair, also known as the Canton Fair, in Guangzhou, south China's Guangdong Province, Oct. 14, 2026. (Xinhua/Ding Haitao)