စပိန်နိုင်ငံဗလန်စီယာမြို့တွင်ကစားခဲ့သည့် ဗလန်စီယာနှင့်ဘာစီလိုနာအသင်းတို့၏ စပိန်လာလီဂါဘောလုံးပွဲတွင် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေကြသည့်ဘာစီလိုနာအသင်းမှ လာမင်းယမားလ်(ဝဲ)နှင့် ဖာမင်းလိုပက်ဇ် (အလယ်) တို့ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံဗလန်စီယာမြို့တွင်ကစားခဲ့သည့် ဗလန်စီယာနှင့်ဘာစီလိုနာအသင်းတို့၏ စပိန်လာလီဂါဘောလုံးပွဲတွင် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေကြသည့်ဘာစီလိုနာအသင်းမှ လာမင်းယမားလ်(ဝဲ)နှင့် ဖာမင်းလိုပက်ဇ် (အလယ်) တို့ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ဟန်ဆီဖလစ်ခ် ဦးဆောင်နည်းပြနေသည့် ဘာစီလိုနာအသင်းသည် အောက်တိုဘာ ၁၇ ရက်တွင် ဆီဗီးလ်မြို့သို့သွားရောက်ကာ ရီးရဲလ်ဘက်တစ်အသင်းနှင့် လာလီဂါပွဲ ကစားရမည်ဖြစ်ပြီး အဆိုပါပွဲက ဘာစီလိုနာအတွက် ယခုရာသီတွင်အခက်ခဲဆုံး စမ်းသပ်မှုတစ်ခု ဖြစ်လာဖွယ်ရှိနေသည်။

ဘာစီလိုနာအသင်းမှာ ရာသီအစ လာလီဂါ ၈ ပွဲစလုံး အနိုင်ရထားပြီး ဘက်တစ်အသင်းကိုပါ ထပ်မံအနိုင်ရပါက ၉ ပွဲဆက်တိုက်အနိုင်ရမှု ဖြစ်လာမည်ဖြစ်သလို လာမည့်သီတင်းပတ်တွင် ရီးရဲလ်မက်ဒရစ်အသင်းနှင့်ကစားရမည့် ယခုရာသီပထမဆုံး 'El Clasico' ပွဲစဉ်မတိုင်မီ အသင်း၏ စိတ်ဓာတ်ပိုင်းခွန်အား အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်။

သို့ရာတွင် ရီးရဲလ်ဘက်တစ်ကလည်း ယခုရာသီအစပိုင်းတွင် ခြေစွမ်းအလွန်ကောင်းမွန်နေရာ Estadio de la Cartuja ကွင်း၌ မွန်းလွဲပိုင်း ကစားရမည့် အဆိုပါလာလီဂါပွဲတွင် ဟန်စီဖလစ်ခ်၏ ဘာစီလိုနာကစားသမားများအနေဖြင့် ခက်ခဲမှုများနှင့် ကြုံတွေ့ရဖွယ်ရှိနေသည်။

လက်ရှိအချိန်တွင် ဘက်တစ်အသင်းမှာ အက်သလက်တီကိုမက်ဒရစ်အသင်းနှင့် ရမှတ်တူရရှိထားပြီး လာလီဂါအမှတ်ပေးဇယားတွင် တတိယနေရာ၌ ရပ်တည်နေကာ ထိပ်ဆုံးမှဦးဆောင်နေသည့် ဘာစီလိုနာနှင့်လည်း ၅ မှတ်အကွာဖြင့်ရပ်တည်နေသည်။ ဘက်တစ်အသင်းမှာ ယခုရာသီတွင် ရှုံးပွဲတစ်ပွဲသာရှိခဲ့သလို ၎င်းတို့၏ La Cartuja ကွင်းတွင် ရီးရဲလ်မက်ဒရစ်အသင်းကိုပင် အနိုင်ရအောင်ကစားနိုင်ခဲ့ရာ ဘာစီလိုနာနှင့်ကစားရမည့်ပွဲအတွက်လည်း ယုံကြည်မှုအပြည့်ရှိနေမည် ဖြစ်သည်။

အောက်တိုဘာ ၁၆ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဘက်တစ်အသင်းနည်းပြ မန်နျူရယ်ပယ်လီဂရီနီက ယခုရာသီအစပိုင်းတွင်ရရှိခဲ့သည့် ရလဒ်ကောင်းများက ဘာစီလိုနာနှင့်ကစားရမည့်ပွဲအတွက် အကျိုးသက်ရောက်မှုရှိမည်မဟုတ်ဟု ပြောကြားခဲ့သည်။

"အရင်ကဖြစ်ခဲ့တာတွေကိုအခြေခံပြီး ပွဲတွေကို ကျွန်တော်သုံးသပ်တာမျိုးမရှိပါဘူး။ တကယ်လို့ ကျွန်တော်တို့က ပြီးပြည့်စုံတဲ့ခြေစွမ်းကောင်းနဲ့ ကစားနိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ အိမ်ကွင်းပရိသတ်တွေရှေ့မှောက်မှာ ၃ မှတ်ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ပယ်လီဂရီနီက ပြောကြားခဲ့သည်။ အလားတူ ဥရောပပြိုင်ပွဲများတွင် ဘက်တစ်အသင်း ရာသီအစတာထွက်ကောင်းမွန်နေသော်လည်း လာလီဂါပြိုင်ပွဲကသာ  အဓိကဦးစားပေးဖြစ်သည်ဟု ပယ်လီဂရီနီက အခိုင်အမာပြောကြားခဲ့သည်။

ဘာစီလိုနာအသင်းမှ ​ခြေစွမ်းပြနေသည့် လာမင်းယမားလ်ကို မည်ကဲ့သို့ဟန့်တားရပ်တန့်မည်ကို မေးမြန်းခဲ့ရာတွင် ပယ်လီဂရီနီက ယမားလ်ထံသို့ဘောလုံးမရောက်အောင် ဟန့်တားခြင်းကသာ အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

ဘာာစီလိုနာအသင်းတွင်မူ ဖရန်ကီဒီဂျောင်နှင့်ရာဖင်ဟာတို့ နှစ်ဦးစလုံး ပါဝင်ကစားဖွယ်ရှိနေသော်လည်း လာမည့်သီတင်းပတ်တွင် ရီးရဲလ်မက်ဒရစ်နှင့်ကစားရမည့် အရေးကြီးပွဲစဥ်ရှိနေရာ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်အနေဖြင့် စွန့်စားမှုများစွာပြုလုပ်ဖွယ် မရှိပေ။ ယမားလ်ကို အသုံးပြုကစားစေဖွယ်ရှိသော်လည်း ဘာစီလိုနာအသင်း၏ပွဲထွက်ကစားသမား ၁၁ ဦး စာရင်းကို ဟန်ဆီဖလစ်ခ်က အပြောင်းအလဲများ ဆက်လက်ပြုလုပ်ဖွယ် ရှိနေသည်။

"လာမင်းယမားလ်က တမူထူးခြားတဲ့ ကစားသမားပါ။ သူ့ရဲ့ပွဲကစားချိန်မိနစ်တွေကို ထိန်းညှိပေးဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့ အရေးကြီးဆုံးအချက်က ကွင်းထဲမှာ သူကစားနေချိန် ပျော်ရွှင်နေဖို့ပဲ လိုပါတယ်။ အခုလက်ရှိအချိန်မှာတော့ ယမားလ်က တကယ်ပဲ ပျော်ရွှင်နေပါတယ်။ ဒီလိုအခြေအနေကို ကျွန်တော်ဝင်ပြီး မဖျက်ဆီးချင်ပါဘူး" ဟု ဂျာမန်လူမျိုးနည်းပြ ဟန်ဆီဖလစ်ခ်က မှတ်ချက်ပြုခဲ့သည်။

အောက်တိုဘာ ၁၇ ရက်တွင် ကစားကြမည့် အခြားသောလာလီဂါပွဲစဉ်များတွင် အက်သလက်တီကိုမက်ဒရစ်အသင်းက အက်စပန်ညိုအသင်းကို အဝေးကွင်းတွင် သွားရောက်ကစားရမည်ဖြစ်ပြီး ဗီလာရီးရဲလ်အသင်းကမူ အယ်ချီအသင်းကို အိမ်ကွင်း၌ လက်ခံကစားရမည် ဖြစ်သည်။ ဗလန်စီယာအသင်းနည်းပြ ဂျာဗီယာအဂွီရီအတွက်မူ အက်သလက်တစ်ဘီလ်ဘာအိုအသင်းနှင့် ကစားရမည့်ပွဲမှာ ၎င်း၏ ဗလန်စီယာအသင်းနှင့် အိမ်ကွင်းပထမဆုံးပွဲဖြစ်လာမည် ဖြစ်သည်။ သို့ရာတွင် စပိန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းဒေသတွင် မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု ခန့်မှန်းမှုများရှိနေခြင်းကြောင့် ဗီလာရီးရဲလ်နှင့် အယ်ချီ၊ ဗလန်စီယာနှင့်ဘီလ်ဘာအိုတို့၏ ပွဲစဥ်နှစ်ပွဲမှာ ကစားရန်မသေချာသည့် အခြေအနေမျိုး ရှိလာနိုင်ကြောင်း သိရသည်။ (Xinhua)

.............................

(English version)

Toughest test of season to date as Barcelona visits third place Betis in La Liga

MADRID, Oct. 16 (Xinhua)

FC Barcelona faces its toughest test of the season to date on Saturday when Hansi Flick's side travels to Seville to face Real Betis in La Liga.

Barcelona goes into the match with eight wins from eight games and a ninth successive La Liga win would ensure morale remains sky-high a week before entertaining Real Madrid in the first 'Clasico' of the season.

However, Flick's men can expect a difficult afternoon in the Estadio de la Cartuja against a rival that has also had a brilliant start to the campaign.

Betis is currently third in La Liga, level on points with Atletico Madrid and five off the top of the table. It has only lost once this campaign and will face Barcelona knowing that Real Madrid has already fallen in La Cartuja.

Speaking to the press on Friday, Betis coach Manuel Pellegrini said what had happened so far this season had no value for Saturday's match.

"I don't analyse matches for what has gone before, if we give a complete performance, I hope we can get three points at home and in front of our fans," he added, insisting that despite his side's excellent start in Europe, "La Liga is our priority."

He was also asked about how to stop Lamine Yamal performing for Barcelona and replied the best was to "stop the ball getting to him."

Frenkie de Jong and Raphinha are both available for Flick, but with a potentially decisive clash with Real Madrid next weekend, the Barcelona coach won't take many risks and will continue to make rotations to his starting 11, although Yamal is likely to continue.

"Lamine is a special player; we know we have to manage his minutes, but what matters is that he enjoys his time on the pitch-and right now, he is enjoying it. I'm not going to get in the way of that," commented the German.

Other games on Saturday in La Liga see Atletico Madrid visit Espanyol while Villarreal hosts Elche and Javier Aguirre makes his home debut as Valencia coach as his side entertains Athletic Bilbao, although the last two matches could be at risk due to the torrential rain forecast for the east-coast of Spain. ■

Photo caption: Barcelona's Lamine Yamal (L) and Fermin Lopez (C) celebrate a goal during the Spanish La Liga football match between Valencia CF and FC Barcelona in Valencia, Spain, Sept. 6, 2026. (Str/Xinhua)