တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ မဟာတံတိုင်းကြီး၏ Mutianyu အပိုင်း၌ ဓာတ်ပုံရိုက်နေကြသည့် ရေလက်ကြားဖြတ်ကျော် သတင်းပညာစခန်းတွင် တက်ရောက်ပါဝင်သူများကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ မဟာတံတိုင်းကြီး၏ Mutianyu အပိုင်း၌ ဓာတ်ပုံရိုက်နေကြသည့် ရေလက်ကြားဖြတ်ကျော် သတင်းပညာစခန်းတွင် တက်ရောက်ပါဝင်သူများကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုင်ပေ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ပထမရှစ်လတာအတွင်း ထိုင်ဝမ်ဒေသခံများအနေဖြင့် တရုတ်ပြည်မကြီးသို့ ခရီးစဉ်အကြိမ်ရေ ၂.၄၉ သန်းကျော် ပြုလုပ်ခဲ့ကြပြီး ယခင်နှစ် အလားတူကာလကထက် ၁၉.၆၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ထိုင်ဝမ်ဒေသ၏ ခရီးသွားဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါရှစ်လတာကာလအတွင်း တရုတ်ပြည်မကြီးမှာ ထိုင်ဝမ်ဒေသခံများအတွက် ဒုတိယလူကြိုက်အများဆုံး ပြည်ပခရီးသွားနေရာအဖြစ် ဆက်လက်ရပ်တည်ခဲ့ကြောင်း အဆိုပါဌာနမှ ယခုနောက်ဆုံးထုတ်ပြန်ထားသော ကိန်းဂဏန်းများက ဖော်ပြထားသည်။

မတ်လမှ သြဂုတ်လအထိ တရုတ်ပြည်မကြီးသို့ လစဉ်ခရီးစဉ်အကြိမ်ရေမှာ ၃၀၀,၀၀၀ ကျော်ရှိခဲ့ပြီး လစဉ်တိုင်းတွင် ယခင်နှစ်အလားတူကာလကထက် ရာခိုင်နှုန်းအားဖြင့် ဂဏန်းနှစ်လုံးတိုးတက်မှုများ ရှိခဲ့သည်။

ပထမရှစ်လတာကာလအတွင်း ထိုင်ဝမ်ဒေသခံများ၏ ပြည်ပခရီးစဉ်အကြိမ်ရေ စုစုပေါင်းအနေဖြင့် ၁၅.၂၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ရာ တရုတ်ပြည်မကြီးသို့ ခရီးသွားလာမှုသည် ပြည်ပခရီးသွားလာမှုစုစုပေါင်းထက် ပိုမိုမြန်ဆန်စွာ တိုးတက်ခဲ့ကြောင်း ဖော်ပြနေသည်။

ခရီးသွားလာမှုဆိုင်ရာ ဦးစားပေးရွေးချယ်မှုများသည် မျိုးဆက်အလိုက် ကွဲပြားမှုများ ရှိကြောင်း Taiwan Normal University မှ ကျောင်းသား Sun ၏ ပြောကြားချက်အရ သိရသည်။ အသက်အရွယ်ကြီးရင့်သူ ခရီးသွားများသည် ရှုခင်းသာယာလှပသော ရှင်းကျန်းနှင့် ယူနန်ကဲ့သို့သော နေရာများသို့ အဖွဲ့လိုက်ခရီးစဉ်များဖြင့် သွားရောက်လေ့ရှိကြသည်။ လူငယ်များကမူ ချုံချင့်နှင့် ရှန်ဟိုင်းကဲ့သို့သော မြို့ကြီးများသို့ ကိုယ်တိုင်စီစဉ်သည့် ခရီးစဉ်များဖြင့် သွားရောက်လေ့ရှိကြပြီး ၎င်းတို့အနက် အချို့မှာ လူနေမှုပုံစံအား အာရုံစိုက်ထားသော လူမှုကွန်ရက်ပလက်ဖောင်း Xiaohongshu တွင် တွေ့ရှိရသော အကြောင်းအရာများမှတစ်ဆင့် စိတ်ကူးစိတ်သန်း ရယူကြခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော့်ပတ်ဝန်းကျင်က လူတွေ တရုတ်ပြည်မကြီးကို ပိုပြီးတော့ မကြာခဏ သွားလာနေကြသလို လူတော်တော်များများကလည်း သူတို့ရဲ့ ဓာတ်ပုံတွေနဲ့ ခရီးသွားအတွေ့အကြုံတွေကို လူမှုကွန်ရက်ပေါ်မှာ ဝေမျှရတာကို ပျော်ရွှင်နေကြပါတယ်" ဟု Sun က ပြောကြားခဲ့သည်။

တရုတ်ပြည်မကြီးသို့ အကြိမ်ကြိမ် သွားရောက်လည်ပတ်ဖူးပြီး Sun အမည်ရှိ နောက်ထပ်ထိုင်ပေဒေသခံတစ်ဦးကလည်း ဘာသာစကား တူညီမှု၊ သွားလာရေး အဆင်ပြေချောမွေ့မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ တူညီမှုတို့ကို ထပ်မံသွားရောက်လည်ပတ်ရသည့် အကြောင်းရင်းများအဖြစ် ဖော်ပြခဲ့သည်။

ထိုင်ဝမ်အခြေစိုက် Yu Sheng International Travel Service Co. Ltd. ၏ ဥက္ကဋ္ဌဖြစ်သူ Tsai Tsung-yu က ယခုနှစ်တွင် ၎င်း၏ကုမ္ပဏီမှ စီစဉ်သည့် တရုတ်ပြည်မကြီးသို့ အဖွဲ့လိုက်ခရီးစဉ်များ မြင့်တက်လာကြောင်း အတည်ပြုပြောကြားခဲ့သည်။

ထိုင်ဝမ်ခရီးသွားများအတွက် အတွေ့အကြုံမျိုးစုံကို ပေးစွမ်းနိုင်သည့် နေရာဒေသအလိုက် ကွဲပြားခြားနားသော ရှုခင်းအလှအပများနှင့် စုံလင်ကွဲပြားသည့် အစားအသောက်ယဉ်ကျေးမှုများ ရှိနေခြင်းက တရုတ်ပြည်မကြီး၏ ဆွဲဆောင်မှုဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

..........................................

(English Version)

Taiwan residents' trips to mainland rise nearly 20 pct in first eight months

TAIPEI, Oct. 17 (Xinhua) -- Taiwan residents made more than 2.49 million trips to the Chinese mainland in the first eight months of 2026, up 19.63 percent year on year, according to the island's tourism department.

The mainland remained Taiwan residents' second-most popular outbound travel destination in the eight months, according to the department's latest figures.

Monthly trips to the mainland exceeded 300,000 from March through August, with double-digit year-on-year growth recorded in each month.

Overall outbound trips by Taiwan residents grew 15.24 percent in the first eight months, indicating that travel to the mainland expanded faster than outbound travel overall.

Travel preferences vary across generations, according to Sun, a student at Taiwan Normal University. Older travelers often join group tours to destinations such as Xinjiang and Yunnan known for picturesque landscapes, while younger people favor independent trips to cities such as Chongqing and Shanghai, sometimes inspired by posts on Xiaohongshu, a lifestyle-focused social media platform.

"People around me are traveling to the mainland more often, and many are happy to post photos and share their experiences on social media," Sun said.

A Taipei resident also surnamed Sun, who has visited the mainland several times, cited the shared language, convenient transportation, and cultural similarities as reasons for returning.

Tsai Tsung-yu, chairman of Taiwan-based Yu Sheng International Travel Service Co. Ltd., confirmed that his company's group tours to the mainland increased this year.

He attributed the destination's appeal to its varied landscapes and diverse food culture, which offer Taiwan travelers a broad range of experiences. ■

Photo caption: Participants of a cross-Strait journalism camp pose for a photo at Mutianyu section of the Great Wall in Beijing, capital of China, Aug. 25, 2024. (Xinhua/Li Xin)