စက်ဘီးစီးနင်းခြင်းဖြင့် ပိုမိုစိမ်းလန်းသော အနာဂတ်ဆီသို့ - ကမ္ဘာ့စက်ဘီးစီးနေ့ကို မြန်မာနိုင်ငံမှ စက်ဘီးစီးသမားများလည်း ဆင်နွှဲ
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ ဇွန် ၃ ရက် နံနက်ခင်းနေရောင်ခြည်အောက်ဝယ် စက်ဘီးစီးသမား ၁၀၀ နီးပါးက သုဝဏ္ဏအားကစားရုံတွင် စုဝေးလျက် စက်ဘီးများကို စီတန်း၍ စောင့်ဆိုင်းလျက်ရှိသည်။ လူငယ်စက်ဘီးစီးသမားများ၊ ဝါရင့်စက်ဘီးစီးသမားများ၊ ကျန်းမာရေးလေ့လာလိုက်စားသူများနှင့် နေ့စဉ် အလုပ်ဆင်းကြသူများသည် ကမ္ဘာ့စက်ဘီးစီးနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲစက်ဘီးစီးပွဲ ကျင်းပရန်နှင့် စက်ဘီးစီးခြင်း၏ အကျိုးကျေးဇူးများ မြှင့်တင်ရန် စုဝေးရောက်ရှိခဲ့ကြသည်။