ဒဏ်ရာရကစားသမား သုံးဦး ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်အမီ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာမည်ဟု စပိန်နည်းပြ ဒယ်လာဖွန်တေး ယုံကြည်
မက်ဒရစ်၊ ဇွန် ၉ ရက် (ဆင်ဟွာ)စပိန်အသင်းနည်းပြ လူးဝစ်စ် ဒယ်လာဖွန်တေးက ဒဏ်ရာရကစားသမား သုံးဦးဖြစ်သည့် လာမင်း ယမားလ်၊ နစ်ကို ဝီလီယမ်စ်နှင့် ဗစ်တာ မူနော့ဇ်တို့မှာ ဖီဖာကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်အမီ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာမည်ဟု ယုံကြည်ဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။အတ္တလန်တာမြို့တွင် ဇွန် ၁၅ ရက်၌ ကိတ်ဗာဒီ (ကာဘို ဗာဒီ) အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် အဖွင့်ပွဲစဉ်မတိုင်မီ ချိန်ညှိပြင်ဆင်မှုများ လုပ်ဆောင်ရန် နောက်ဆုံးအခွင့်အရေးအဖြစ် မက္ကဆီကိုနိုင်ငံ ပွယ်ဘလာမြို့တွင် ပီရူးအသင်းနှင့် ယှဉ်ပြိုင်ကစားသည့် ခြေစမ်