“ရှီကျင့်ဖိန်၏ အခြေခံလူထုအဆင့် လုပ်ငန်းဆောင်တာနည်းလမ်းဆိုင်ရာ အဆိုအမိန့် ကောက်နုတ်ချက်များ” စာအုပ် ပုံနှိပ်ထုတ်ဝေ
ပေကျင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီသမိုင်းနှင့် စာပေသုတေသနဌာန တည်းဖြတ်ပြုစုထားသည့် “ရှီကျင့်ဖိန်၏ အခြေခံလူထုအဆင့် လုပ်ငန်းဆောင်တာနည်းလမ်းဆိုင်ရာ အဆိုအမိန့် ကောက်နုတ်ချက်များ” စာအုပ်ကို မကြာမီရက်ပိုင်းက ဗဟိုစာပေပုံနှိပ်ထုတ်ဝေရေးတိုက်မှ တရုတ်နိုင်ငံတစ်ဝန်းသို့ ဖြန့်ချိခဲ့သည်။ အခြေခံလူထုအဆင့်ဆိုသည်မှာ ပါတီ၏ အုပ်ချုပ်မှုအခြေခံ၊ အင်အား၏အရင်းအမြစ်ဖြစ်ပြီး လုပ်ငန်းဆောင်တာအားလုံး၏ဖော်ဆောင်ရာနေရာဖြစ်သည်။ ဒေသန္တရအဆင့်တွင် တာဝန်ထမ်းဆောင်စဉ်မှသည် ဗဟိုအဆင့်သို့ ရောက်ရှိလာသည်အထ