ဒုံးကျည် ၁၂ စင်းဖြင့် ဂျော်ဒန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်း "တိုက်လေယာဉ် အမြောက်အမြား" ကို ဖျက်ဆီးလိုက်သည်ဟု အီရန် ဆို
တီဟီရန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)ဂျော်ဒန်နိုင်ငံ Azraq ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းကို ဇွန် ၁၁ ရက်တွင် ပဲ့ထိန်းဒုံးကျည် ၁၂ စင်းဖြင့် ပစ်ခတ်ပြီး အမေရိကန်စစ်တပ်၏ F-35 ၊ F-15 နှင့် F-16 တိုက်လေယာဉ်များ တပ်ဖြန့်ထားသည့် နေရာများကို တိုက်ခိုက်၍ သက်ဆိုင်ရာ အဆောက်အအုံများနှင့် “တိုက်လေယာဉ်အမြောက်အမြား” ကို ဖျက်ဆီးခဲ့ကြောင်း အီရန် အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ၏ ပြည်သူ့ဆက်ဆံရေးဌာနက ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။ ထို့အပေါ် အမေရိကန်နိုင်ငံဘက်က တုံ့ပြန်ခြင်း မရှိသေးကြောင်း သိရ