၂၀၂၆ ခုနှစ် “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကျောင်းတွင်းသို့ ရောက်ရှိလာခြင်း” လှုပ်ရှားမှုကို ရန်ကုန်ပညာရေးတက္ကသိုလ်၌ ကျင်းပ
ရန်ကုန်၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ရန်ကုန်ပညာရေးတက္ကသိုလ်တို့ ပူးပေါင်း၍ “ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကျောင်းတွင်းသို့ရောက်ရှိလာခြင်း” လှုပ်ရှားမှုကို ဇွန်လ ၁၉ ရက်တွင် ကျင်းပခဲ့ရာ နယ်ပယ်အသီးသီးမှ ကိုယ်စားလှယ်ပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဟောင်း ဒေါ်နုမြဇံနှင့် ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်တို့က အသီးသီး အမှာစကားပြောကြားခဲ့ပြီး “ဒြပ်မဲ့