တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့က ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုနှင့် ပင်လယ်ရေကြောင်း ကင်းလှည့်မှု ပြုလုပ်မည်
ပေကျင်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ရေတပ်များသည် "Joint Sea-2026" ဟု အမည်ပေးထားသော ရေတပ်စစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်ဆိပ်ကမ်းမြို့အနီး ရေပြင်နှင့် ဝေဟင်တို့တွင် ယခုလအတွင်း ပြုလုပ်သွားမည်ဟု တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၅ ရက်၌ ထုတ်ပြန်ကြေညာခဲ့သည်။ထိုစစ်ရေးလေ့ကျင့်မှုအပြီးတွင် နှစ်ဖက်စလုံးမှ တပ်ဖွဲ့ဝင်အချို့က ပစိဖိတ်သမုဒ္ဒရာ၏ ဆက်စပ်ရေပြင်နယ်နိမိတ်အတွင်း ပူးတွဲပင်လယ်ရေကြောင်း ကင်းလှည့်မှု ပြုလုပ်သွားမည်