တရုတ်ကြက်ခြေနီအသင်းက ဗင်နီဇွဲလား ကြက်ခြေနီအသင်းထံသို့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငွေသားအကူအညီ ပေးအပ်
ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ်တွင် လက်နက်ကိုင်တပ်ဖွဲ့ဝင်များက လူသားချင်းစာနာထောက်ထားမှု ကူညီသည့်ပစ္စည်းများအား ခွဲဝေနေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)ပေကျင်း၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)လတ်တလောရက်ပိုင်းတွင် ဗင်နီဇွဲလားနိုင်ငံ၌ ပြင်းအား ၇.၁ အဆင့်နှင့် ပြင်းအား ၇.၅ အဆင့်ရှိ အင်အားပြင်းငလျင် နှစ်ကြိမ်လှုပ်ခတ်ခဲ့ရာ လူအများအပြား ထိခိုက်သေဆုံးမှုနှင့် ပိုင်ဆိုင်မှုပစ္စည်း ပျက်စီးမှုဖြစ်ခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံ ကြက်ခြေနီအသင်းက ငလျင်ဘေးကယ်ဆယ်ရေးနှင့် ငလျင်အလွန် ပြန်လည်တည်ဆောက်ရေး